Extra-Marriage Life (12)

8.7K 965 53
                                    

[Zawgyi]

မှိတ်ချလိုက်တဲ့ မျက်လုံးအိမ်တွေကနေ ကျဆင်းသွားတဲ့ မျက်ရည်တွေက မျှော်လင့်ချက်မရှိတော့ပေမယ့် စစ်မင်း စိတ်ထဲကနေတော့ Daniel လေးကိုသာ တမ်းတနေမိသည်။ မျက်ရည်တွေကျနေရင်း မရဲတရဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ မေ့ဆေးအရှိန်ကြောင့် မူးဝေနေတဲ့ကြားကနေ စစ်မင်းကို တဏှာရမက်ဆန်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည့် တရုတ်လူမျိုးနှစ်ယောက်ကို တွေ့ရသည်။ ဝေဝေဝါးဝါးမြင်နေရပေမယ့် စစ်မင်းကို ဘယ်လိုကြည့်နေတယ်ဆိုတာကို ခံစားလို့ရနေသည်။

" တကယ်ကို လှတာနော် ... သူ့ယောက်ျားကတော့ ဖူးဖူးမှုတ်ထားမှာပဲ ... အသစ်မဟုတ်တာနာတာပဲ "

" အသစ်မဟုတ်လည်း မက်လောက်စရာလေးပါ ... သူ့လူကတော့ ဒီအလှလေးကို တော်တော်စွဲလမ်းနေမှာပဲ "

" ငါအရင်နော် ဟေ့ကောင် "

" လူပါးမဝနဲ့ . မင်းက အရင်လုပ်မယ်ပေါ့ "

စစ်မင်းကို ရှေ့မှာထားပြီး မဖွယ်မရာအပြောတွေနဲ့ သူအရင်ငါအရင်လုနေတဲ့ နှစ်ယောက်ကြောင့် ပိုပြီးကြောက်လန့်လာရသည်။ စစ်မင်းရဲ့လက်တွေကို ကြိုးတွေနဲ့ ချည်ထားခံရတာကြောင့် ကုတင်တိုင်တွေဆီကနေ အားကုန်ရုန်းကန်နေပေမယ့် အရာမရောက်ပေ။ ခြေထောက်တွေကသာ ရုန်းကန်လို့ရနေပေမယ့် လက်ကလှုပ်ရှားလို့မရတာကြောင့် အဆင်မပြေဖြစ်နေသည်။

" မရုန်းနဲ့လေ အလှလေးရဲ့ . ငါတို့က မင်းကို နိဗ္ဗာန်ခေါ်သွားပေးမယ် . ဟ ဟ ... "

" ဟင့်အင်း . အနားမကပ်လာနဲ့ ... Daniel က ခင်ဗျားတို့ကို သတ်လိမ့်မယ်နော် . အား ... လွှတ်ပေးလို့ ... မယုတ်မာနဲ့ ခင်ဗျားတို့ "

ကုတင်ပေါ်မှာ ချုပ်ကိုင်ခံထားရတဲ့ စစ်မင်းရဲ့ ဘေးတစ်ဖက်စီကို တရုတ်နှစ်ယောက်ကရောက်လာပြီး စစ်မင်းရဲ့ မျက်နှာကို လာပွတ်သပ်သည်။ စစ်မင်းက ခေါင်းတွေကို အတင်းခါရမ်းပြီး တွန့်လိမ်ကာ ခြေထောက်တွေနဲ့ပါ ရသလောက်ကန်ပေမယ့် လက်တွေကမလွတ်တာကြောင့် ထင်သလောက်မလွယ်ကူ။

" မလှုပ်နဲ့ ... မရုန်းနဲ့နော် . လိမ္မာရင် အလှလေးအတွက်ပဲနော် ... မလိမ်မာရင် သိတယ်မလား ... မင်းပဲနာရမှာနော် ... လိမ်လိမ်မာမာနေရင် ညှာညှာတာတာဆက်ဆံပေးမယ် "

Love Me Like The Way [Completed]Where stories live. Discover now