Part 18

16.6K 1.8K 40
                                    

[Zawgyi]

မနက်ခင်းတိုင်းမှာ ချစ်ရသူနဲ့အတူ နိုးထလာရတာက အသာယာဆုံးပဲဆိုတာ သိပါရဲ့လား။

Daniel အိပ်ယာနိုးလာတော့ ရင်ခွင်ထဲမှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ အသေးလုံးလေးကို ဦးစွာတွေ့ရသည်။ လက်မောင်းတစ်ဖက်ပေါ်မှာ ခေါင်းတင်ပြီး အိပ်မောကျနေသည့် အသေးလုံးလေးက လက်လေးနှစ်ဖက်ကို ရင်ခွင်ထဲမှာ စုကြုံ့ထားသည်။ ကြည့်နေရင်းနဲ့ အသည်းယားလာတာကြောင့် ဖက်ထားတဲ့ ကိုယ်လုံးနွေးနွေးလေးကို အားရပါးရ ဖျစ်ညှစ်ပစ်လိုက်တော့ ခေါင်းလုံးလုံးလေးက ရင်ခွင်ထဲပိုတိုးဝင်လာပြီး ကြောင်ပေါက်လေးတွေလို တိုးဝှေ့လာသည်။

" Baby ... ထတော့လေ baby ရဲ့ ... မနက် ခုနစ်နာရီတောင် ခွဲတော့မယ် ... "

" ..... "

" ဒီနေ့ အင်းလေးသွားမှာဆိုတော့ ပစ္စည်းတွေဘာတွေ သိမ်းစရာရှိတာ သိမ်းရအောင်လေနော် "

" အင်းးး အိပ်ဦးမယ် ... Daniel သိမ်းလိုက် "

ရင်ခွင်ထဲကို ပိုပိုတိုးဝင်လို့ အိပ်ချင်မူးတူးလေသံလေးနဲ့ ပြောနေတာက Daniel ထက် အသက်ကြီးတဲ့ ၂၇ နှစ်အရွယ် အသေးလုံးလေးပါတဲ့လေ။ ချစ်စခင်စအချိန်က အတော်ကို စိတ်ချမ်းမြေ့ ကြည်နူးစရာကောင်းပါသည်။ Daniel ကတော့ ဒီအသေးလုံးလေးကို အိတ်ကပ်ထဲ ထည့်ပြီး သွားလေရာ ခေါ်သွားချင်တော့တာပါပဲ။

" အပျင်းလေးလား baby က ... ကိုယ့်ကို အသည်းယားအောင် လုပ်နေတာ "

" ပျင်းလဲ Daniel က ချစ်ပြီးသားမလား ... ဘာမှမဖြစ်ဘူး အွန်းဟွန် ... "

ရင်ခွင်ထဲမှာနေပြီး အိပ်ချင်မူးတူးလေသွလေးနဲ့ ပြန်‌ဖြေနေသည့် အသေးလုံးလေးက Daniel နှလုံးသားကို ယိုင်နဲ့စေသည်။ သည်းမခံနိုင်တော့တာကြောင့် ရင်ခွင်ထဲမှာ နေပြီး ချွဲနေသည့် အသေးလုံးလေးကို နဂိုခပ်တင်းတင်း ဖက်ထားရာကနေ ပိုလို့တောင်တင်းတင်းလေး ဖက်လိုက်သည်။ ပြီးသည်နှင့် အသေးလုံးလေးကနေ အချွဲလုံးဖြစ်နေသည့် ချစ်သူလေးရဲ့ မျက်နှာအနှံ့ကို တရှုံ့ရှုံ့နမ်းရှိုက်မိတော့သည်။ အသေးလုံးလေးကတော့ ယားလို့ ထင်ပါရဲ့။ ရင်ခွင်ထဲကနေ ကွေးထားတဲ့ လက်လေးနှစ်ဖက်နဲ့ Daniel ရဲ့ ရင်ဘတ်ကို တွန်းကန်လာပြီး တွန့်လိမ်နေသည်။ 

Love Me Like The Way [Completed]Where stories live. Discover now