Part 29

13.2K 1.3K 42
                                    

[Zawgyi]

" အိမ်ပြန်အိပ်လေ ကလေးလေးရဲ့ "

" ဟင့်အင်း . baby နဲ့နေမှာ ... ဒယ်ဒီ့ကိုလဲ ပြန်မလာဘူး ပြောထားခဲ့တယ် . ပြီးတော့ ကိုယ်မပြန်ချင်ဘူး ... အိမ်မှာ ~ "

" ဟင်း . အိမ်မှာ Leon ရှိနေလို့မလား "

စစ်မင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ ပြောမိတော့ Daniel က ခေါင်းကိုတဆတ်ဆတ်နှင့် ပြုတ်ထွက်မတတ် ညိမ့်ပြသည်။ တကယ်လည်း ဒီကလေးငယ် ပင်ပန်းနေရှာမှာ။ Daniel ကိုယ်တိုင်ကိုက စိတ်မပါဘူးဆိုပေမယ့် Daniel ကို အကြာင်းပြုကာ Munich ကနေ မြန်မာအထိ ရောက်လာတဲ့ Leon အတွက် တာဝန်ကတော့ ရှိနေပြန်သည်။

" ကိုယ်မသွားချင်ဘူး baby ... baby က နားလည်ပေးရင်တောင် ကိုယ့်ရည်းစား ဖြစ်ခဲ့တယ်ဆိုတဲ့သူနဲ့ တစ်မိုးအောက်ထဲ ပြန်ရှိနေရမှာ ကိုယ်တကယ်သဘောမကျဘူး ... ဘာလဲ baby က ပြန်စေချင်နေတာလား ... မနေစေချင်ဘူးလား "

" မသင့်တော်ဘူးထင်လို့ပါ ကလေးရာ ... ဖြစ်နိုင်ရင် ကလေးနဲ့ပဲ ရှိနေချင်တာပေါ့ ... စကားနာမထိုးပါနဲ့ကွာ "

" မသင့်တော်စရာဘာရှိလဲ ... baby နဲ့ ကိုယ်နဲ့က ချစ်သူတွေလေ ... ဘယ်သူ့ကိုဂရုစိုက်စရာ ရှိနေလို့လဲ "

Daniel က အနောက်တိုင်းမှာနေလာတဲ့ ကလေးငယ်ပီသစွာ ပွင့်ပွင့်လင်းလင်း တွေးတောတတ်သည့် ဉာဉ်လေးကတော့ ရှိနေသေးသည်။ စစ်မင်းဘက်က မသင့်တော်ဘူးလို့ ပြောတယ်ဆိုတာ တစ်ခြားမဟုတ်ပဲ Daniel ရဲ့ အိမ်ကနေ စစ်မင်းတို့ကို လက်မခံပဲ တစ်မျိုးမြင်နေမှာ စိုးနေတာသာဖြစ်သည်။

" ဂရုစိုက်စရာမရှိပေမယ့် ... "

" Let it be ! "

စစ်မင်း ပြောလက်စ စကားတောင်မဆုံးသေးပဲ Daniel က ပြောချင်တာပြောပြီး အိပ်ခန်းထဲဝင်သွားသည်။ တစ်ခါမှမလုပ်ပြဖူးတဲ့ နှုတ်ခမ်းလေးဆူထွက်လာတဲ့ Daniel ရဲ့ ပုံစံလေးက ပါးနှစ်ဖက်ကို ဆွဲယူလို့ ဖျစ်ညှစ်ချင်စရာကောင်းသာ်။ သဘောက စစ်မင်းကို သူစိတ်ကောက်ပါသည်ပေါ့။

ကောက်ပေါ့ ကလေးလေးရ ... ဒီကိုကိုက အနမ်းတွေနဲ့ ချော့မယ်လေ ... မကြိုက်ရင် ကိုကို့ကို ပြန်နမ်းပေါ့ ကိုကို့ Dany လေး ~

Love Me Like The Way [Completed]Where stories live. Discover now