Part 3

24.8K 2.5K 30
                                    

[Zawgyi]

Munich : Germany

" ဖိုးဖိုးရေ့ ... သားနိုးပြီ "

မနက်စာစားနေတုန်း အနောက်ကနေ လာသိုင်းဖက်သည့် လူဆိုးလေးကြောင့် Mr.Leibelt ပြုံးလိုက်မိသည်။ အဆိုးကောင်လေးက အိမ်ပြန်နောက်ကျနေလည်း စည်းကမ်းအတိုင်း မနက်စာအတူစားဖို့ အိပ်ယာကနေ မရမက ထလာတော့လည်း ဒီအဖိုးကြီးက အချစ်ပိုရပြန်သည်။

" ထိုင်ထိုင် ... ဘာစားချင်လဲ ... သား မနိုးသေးဘူးမှတ်လို့ ဖိုးက မနှိုးခိုင်းတော့တာ "

" နိုးပါတယ်နော် ... သားက ရေချိုးနေလို့ကို "

" ဟုတ်ပါပြီ "

မနက်စာကိုတော့ အိမ်မှာမျက်နှာစုံပြီး စားရမယ်လို့ စည်းကမ်းရှိထားတာကြောင့် Daniel က အဖိုးဖြစ်သူနှင့် နေ့တိုင်းမျက်နှာချင်းဆိုင် မနက်စာကို မပျက်မကွက်စားရအောင် မဖြစ်မနေ စောစောထတတ်သည်။ အဖိုးဖြစ်သူဘေးမှာ ဝင်ထိုင်ရင်း ကော်ဖီတစ်ခွက်ကို ငှဲ့ထည့်လိုက်သည်။ ကော်ဖီက မွှေးနေတဲ့အနံ့နဲ့တင် Daniel ကောင်း အကြိုက်။

" အော် ... ဖိုး ပြောဦးမယ် ... ဒီနှစ်တော့ သားဒယ်ဒီက Munich ကို မလာနိုင်ဘူးတဲ့ သား ... ပရောဂျက်အသစ်က ဒီကိုလာမယ့်အချိန်ကျမှ တိုက်ဆိုင်သွားလို့တဲ့ "

Mr.Leibelt စကားကြောင့် ပေါင်မုန့်ကို ထောပတ်သုတ်နေသည့် Daniel ရဲ့ လက်ကလေးတွေက ရပ်တန့်သွားသည်။ ပေါင်မုန့်လေးကို ဘေးနားချလိုက်ရင်း မော့ကြည့်လာသည့် မျက်နှာလေးက သားလည်း ဘာမှ မသိရပါလားဆိုသည့် အရိုးခံမျက်နှာကလေးနှင့်။

" အဲ့တာဆိုရင် သားက ဒီနှစ် ဒယ်ဒီနဲ့မတွေ့ရတော့ဘူးပေါ့ "

Daniel က ဆူပုပ်ပုပ်နဲ့ပြောလိုက်တော့ ဖိုးဖိုးက ခေါင်းကဆံပင်တွေကို လာဖွသည်။ နှစ်စဉ် နွေရာသီ‌ရောက်ပြီတိုင်း ဒယ်ဒီက Daniel ကို လာတွေ့တတ်သည်။ Munich ကို ရောက်လာသည့် ခြောက်နှစ်သားအရွယ်ကတည်းက မြန်မာပြည်ကို ပြန်မလာစေပဲ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဒယ်ဒီကပဲ လာတွေ့ခဲ့တာမလို့ ဒီနှစ်မလာဖြစ်ဘူးဆိုတော့ Daniel စိတ်မကောင်းဖြစ်ရသည်။

" မလာဖြစ်ဘူးပြောတာလေ သားရဲ့ ... မင်းဒယ်ဒီက မေးနေသေးတယ် မြန်မာပြည်ကို လာခဲ့ချင်လားတဲ့ ... Munich မှာ နေကတည်းက တစ်ခေါက်မှ မြန်မာပြည်ကို ပြန်မရောက်သေးဘူးလေ "

Love Me Like The Way [Completed]Where stories live. Discover now