Extra-Marriage Life (11)

8.9K 909 110
                                    

[Zawgyi]

" Baby ရေ ... ဒီမှာလာကြည့်ဦး . Leon တို့ ဖုန်းခေါ်နေတယ် "

" အယ် ဟုတ်လား ... ခဏလေးနော် ... လာပြီ Dany ~ "

လက်တော့ပ်ကိုရှေ့ချထားရင်း ဧည့်ခန်းထဲကနေ စစ်မင်းကို အော်ခေါ်နေတဲ့ အာပြဲစိန်လေးကြောင့် မီးဖိုချောင်ထဲမှာ ဟင်းချက်နေရင်းကနေ လက်စသတ်ပြီး အပြေးအလွှားဧည့်ခန်းထဲကို ပြေးရသည်။ ဧည့်ခန်းထဲကိုရောက်တော့ Daniel က ခုံမှာထိုင်နေရင်း တစ်ဖက်ကိုတိုးပေးကာ ဘေးမှာ စစ်မင်းကို ဝင်ထိုင်ခိုင်းသည်။ စစ်မင်းက ဝင်ထိုင်လိုက်တော့ လက်တစ်ဖက်က စစ်မင်းရဲ့ ဗိုက်ပေါ်ကနေသိုင်းဖက်လာပြီး ခါးကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ကတော့ ပုခုံးကိုလာသိုင်းဖက်သည်။

" အမလေး ... ခုထိကို romantic ဆန်နေကြတုန်းလား . မင်းတို့ကို screen ကနေ မြင်ရတာတောင် မျက်စိနောက်လိုက်တာနော် "

လက်တော့ပ်ရဲ့ မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ ပုံရိပ်လေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Leon က မျက်စောင်းတရွယ်ရွယ်ပြောလာတော့ Daniel ရော စစ်မင်းရောပါ ရယ်မိကြသည်။ Leon ရဲ့ ဘေးက တစ်ယောက်သောသူကတော့ Leon ရဲ့အမူအယာလေးတွေကိုပဲ ပြုံးကာစိုက်ကြည့်နေသည်။

" အဆင်ပြေကြရဲ့လား Leon ... အချစ်စစ်ကို တွေ့သွားတော့ မြန်မာကနေကို ပြန်မလာတော့ဘူးကွာ "

" Yarrr စစ် ... စစ်လည်း Leon လို အချစ်စစ်တွေ့လို့ Daniel နောက်လိုက်သွားတာပဲလေနော် "

" ဟ ဟ ~ ဟုတ်ပါပြီ Leon ရာ ... အဆင်ပြေကြတယ်မလား "

Daniel ကတော့ ဘာမှဝင်မပြောပဲ ဘေးကနေ အရပ်ကြီးမှအားမနာ စစ်မင်းပေါ်ကို တစ်ကိုယ်လုံးမှီကာ ပျင်းတွဲနေပြီး ပုခုံးပေါ်ကို ခေါင်းမှီတင်ထားသည်။ စစ်မင်းက Daniel ကို လှည့်ကြည့်ကာ သဘောတကျပြုံးလိုက်ရင်း Leon ဘက်ကို ပြန်လှည့်ပြီးပြောတော့ မျက်စောင်းတခဲခဲဖြစ်နေတဲ့ Leon ရဲ့ အကြည့်က ဘေးကလူဆီရောက်သွားသည်။

" လုံးဝအဆင်မပြေတာနော် . ဒီလူကြီးက မမိုက်ဘူးသိလား စစ် ... ဒီနေ့က Leon တို့ရဲ့ 4th months anniversary လေ . ဒီလူကြီးက အလုပ်များနေတယ်ဆိုပြီး မေ့နေတယ် ... Leon ဒီလူကြီးနဲ့ စိတ်ဆိုးနေတာ "

Love Me Like The Way [Completed]Where stories live. Discover now