Part 11

17K 2K 95
                                    

[Zawgyi]

" အဲ့ပုံက Marilyn Monroe ပုံ မလား baby "

" ဟင် Daniel ... ဘယ်ဟာကိုပြောတာလဲ "

Daniel က ထိုင်နေတဲ့ဝိုင်းရဲ့ တစ်ဖက်နံရံလေးမှာ ချိတ်ထားသည့် ဓာတ်ပုံလေးတွေဆီကို မေးငေါ့ပြတော့ စစ်မင်းလှမ်းကြည့်လိုက်သည်။ Western artists ပုံတွေများစွာထဲမှ black & white colour ဓာတ်ပုံလေးထဲက အမျိုးသမီးကို ညွှန်ပြနေခြင်းဖြစ်သည်။

" အာ ... ဟုတ်တယ်လေ Daniel ... ဘာဖြစ်လို့လဲ "

" ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ ... ဒီကိုမလာခင် Munich မှာ ကြည့်ခဲ့တဲ့ရုပ်ရှင်ကို သတိရသွားလို့ "

" ဟုတ်လား ~ ဘာရုပ်ရှင်လဲ Daniel "

" ရုပ်ရှင်နာမည်က Ayla တဲ့ တူရကီစစ်သားနဲ့ ကိုရီးယားကလေးမလေးလေ ... ကိုရီးယားမှာ စစ်ဖြစ်တော့ တူရကီတွေက စစ်ကူပေးရင်းနဲ့ တစ်ရွာလုံးအသတ်ခံရတဲ့ ရွာလေးတစ်ရွာမှာ ကိုရီးယားကလေးမလေးကို တူရကီစစ်သားတွေကတွေ့ပြီး မွေးစားလိုက်တာ ... Base on true story လို့ ပြောတယ် baby ... အဲ့ထဲမှာ Marilyn Monroe သရုပ်ဆောင်ပါလို့ သတိရသွားတာ ... Marilyn Monroe နဲ့တော့ မတူဘူးပေါ့'

" အဲ့ရုပ်ရှင်ကို ကျွန်တော်သိတယ် Daniel ... ကလေးမလေး စကားစပြောတဲ့အခန်းလေးဆို အရမ်းသဘောကျတာ "

Daniel ပြောပြတဲ့ရုပ်ရှင်ကို စစ်မင်းလည်းသိတာမလို့ ပြန်ပြောပြတော့ Daniel ကလည်း ဟုတ်တယ်ဆိုတဲ့သဘောနဲ့ ခေါင်းလေးပြန်ညိမ့်ပြသည်။

ရုပ်ရှင်ရဲ့ဇာတ်ကြောင်းလေးက ရိုးရှင်းပါသည်။ နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာစကားတွေ မတူညီပေမယ့် ဖြူစင်ပြီး လေးနက်တဲ့ ချစ်ခြင်းမေတ္တာ အစစ်အမှန်အကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်လေးဖြစ်သည်။ စစ်မင်းတောင် ထိုရုပ်ရှင်လေးကြည့်တုန်းက မျက်ရည်ဝဲခဲ့ရသေးတာမလို့ မှတ်မှတ်ရရရှိနေတာဖြစ်သည်။

" ကိုယ်ရောပဲ ... နောက်ပိုင်းတူရကီကို ပြန်မယ်ဆိုတော့ ကလေးမလေးကို ခိုးသယ်သွားတဲ့အခန်းက လုံးဝမျက်ရည်ဝဲစရာကောင်းတယ် "

" ဟုတ်တယ် ဟုတ်တယ် ... နောက်ဆုံးပြန်တွေ့တဲ့ အခန်းလေးရောပဲ ... ကျွန်တော့်မှာကြည့်ရင်း မတွေ့ကြတော့ဘူးထင်ပြီး ရင်တမမနဲ့ "

Love Me Like The Way [Completed]Where stories live. Discover now