Extra-Marriage Life (2)

11.9K 1K 19
                                    

[Zawgyi]

ရေခဲမှတ်အောက်ကို ရောက်နေသည့် Munich မြို့ရဲ့ ဒီဇင်ဘာဆောင်း အအေးဒီဂရီက သိပ်ကိုချမ်းအေးလွန်းသည်။ အပြင်ဘက်ဝန်းကျင်တစ်ခွင်မှာ နှင်းထုတွေနဲ့ ပြည့်နှက်နေပြီး မနက်အစောပိုင်းမှာ နေမင်းကထွက်ပြူလာပေမယ့် Munich ရဲ့ မနက်ခင်းအချမ်းဓာတ်ကို တွန်းလှန်ဖို့တော့ မဖြစ်တန်ရာ။

မှန်ပြတင်းပေါက်ဆီကနေ အလုအယက်တိုးဝင်လာသည့် နေရောင်ခြည်နုထွေးထွေးက ပြင်ပအအေးထုကြောင့် အလင်းရောင်ကောင်းစွာ မရှိနေပေမယ့် အိပ်ခန်းတွင်းမှာ ပူးပူးကပ်ကပ်နဲ့ တစ်ယောက်သောသူက တစ်ယောက်ကို ထွေးပွေ့ထားရင်း အိပ်မောကျနေသည့် လူသားလေးနှစ်ဦးပေါ် ဖြာကျလာသည်။

အလင်းမှိန်ဖျဖျပေမယ့် ကျင့်သားရနေတဲ့ Daniel က မျက်နှာပေါ် နေရောင်ခြည်နွေးလေးကျရောက်တော့ အိပ်နေရာကနေ ချက်ချင်းနိုးသည်။ ချမ်းအေးနေတဲ့ ဆောင်းရာသီဖြစ်နေပေမယ့် Daniel ရဲ့ ရင်ခွင်ထဲမှာ ကျောပေးအိပ်နေသည့် အသေးလုံးလေးကြောင့် ချမ်းစီးစီးမနက်ခင်းက နွေးအိအိလေးဖြစ်နေသည်။

ဝတ်လစ်စားလစ်နဲ့ ရင်ခွင်ထဲမှာကျောပေးရင်း အိပ်မောကျနေတဲ့ အသေးလုံးလေးကို Daniel က ပိုပြီးတင်းကျပ်အောင် ထွေးပွေ့ထားလိုက်သည်။ ကျောပေးထားတာကြောင့် ရှင်းနေအောင်မြင်ရတဲ့ ကျောပြင်လေးကို နီရဲရဲအမှတ်အသားလေးတွေ တစွန်းတစ စွန်းထင်းနေသည့် ဂုတ်သားလေးကနေစပြီး အနမ်းဖွဖွပေးမိသည်။

" အင်း . ကလေးလေး ... နိုးနေပြီလား ... ကုမ္ပဏီသွားရမှာလေ ထတော့နော် ... ကိုကို အိပ်ချင်သေးလို့ အိပ်ဦးမယ် "

ရင်ခွင်ထဲမှာ လူးလွန့်ရင်းပြောလာတဲ့ အသေးလုံးလေးကို Daniel က ပြန်မဖြေမိပဲ ကျောပေးအိပ်နေတဲ့ အသေးလုံးလေးကို ခပ်ဖြည်းဖြည်းလေး ပက်လက်ဆွဲလှန်လိုက်သည်။ ပြီးကာမှ Daniel က ကိုယ်ကိုအနည်းငယ်ကြွကာ အိပ်ယာပေါ်မှာ တံတောင်ဆစ်ကိုထောက်ထားရင်း အသေးလုံးလေးရဲ့ မျက်နှာအနှံ့ကို တရွှတ်ရွှတ်နမ်းတော့သည်။ ညကနမ်းထားလို့ ဖူးကြွနေတဲ့ နှုတ်ခမ်းစိုရဲရဲလေးကိုလည်း ငုံထွေးဖို့ Daniel မမေ့ခဲ့ပေ။ နှုတ်ခမ်းတွေဆီကနေ တဖန်အောက်ဆင်းလာတော့ လည်ပင်းနဲ့ရင်ဘတ်တစ်လျှောက်မှာ Daniel ဆေးခြယ်ထားတဲ့ အနီကွက်လေးတွေကို သဘောတကျစိုက်ကြည့်မိသည်။ ထုံးစံအတိုင်း ထိုအမှတ်သားလေးတွေအပေါ် လိုက်နမ်းရင်း နမ်းလို့ဝမှ Daniel က အပေါ်ပြန်မော့ကာ အိပ်ပျော်နေတဲ့ အသေးလုံးလေးရဲ့ နဖူးပြင်ပေါ် အချိန်ကြာကြာဖိနမ်းရင်း အဆုံးသတ်သည်။

Love Me Like The Way [Completed]Where stories live. Discover now