Final

21.5K 1.4K 32
                                    

[Zawgyi]

" ဘာကိစ္စတုန်း ငယ်ငယ်ရာ . Daddy ရုံးတောင်မဆင်းသေးဘူးလေ အဆိုးလေးရ ... ဘာလို့ ချက်ချင်းတွေ စောစောပြန်လာခိုင်းနေတာတုန်း "

ဧည့်ခန်းကျယ်ထဲက လက်ရာမြောက်ကျွန်းဆိုဖာခုံတွေရဲ့ ထိပ်ဆုံးကခုံမှာထိုင်နေတဲ့ Daniel ရဲ့ Daddy ဦးကောင်းယံကတော့ အဝတ်အစားတောင် မလဲနိုင်သေးပဲ စစ်မင်းနဲ့ Daniel ရှေ့မှာ စကားထိုင်ပြောနေသည်။

" Daddy ! ငယ်ငယ်လို့ မခေါ်ပါနဲ့ဆို "

" ဒယ်ဒီ့သားငယ်လေးကို ဒယ်ဒီချစ်လို့ခေါ်တာ ဘာဖြစ်လို့တုန်း "

" ဒယ်ဒီကဗျာ ... "

" မဟုတ်လဲ ဒယ်ဒီခေါ်နေကျကို ငယ်ငယ်ရဲ့ "

" တော်ပြီ ဒယ်ဒီ့ကို မပြောတော့ဘူး ... သားက သားချစ်သူနဲ့ မိတ်ဆက်ပေးမလို့ ... အဲ့တာ ဒယ်ဒီ့ကို သားပြောထားတယ်လေ . ပြီးတော့ ဒယ်ဒီက သားကိုမချစ်ဘူးလား . ဒီလိုလေး စောစောပြန်လာဖို့ တစ်ခါတစ်လေလေး အတင်းခေါ်တာကို ငြိုငြင်တယ်ပေါ့ "

" အဟမ်း ... ငယ်ငယ်ကတော့ကွာ ဖအေကိုချွဲနေတယ် ... ဒယ်ဒီ့မှာ ဒီသားလေးပဲ ရှိတာလေရော် ... ဒယ်ဒီရှာနေသမျှက သားအတွက်လေ . သားက အိမ်ပြန်လာခိုင်းမှတော့ လာရတော့တာပေါ့ "

ဦးကောင်းယံမှာ ရင်ခွင်ထဲရောက်နေတဲ့ ရင်နှစ်သဲခြာလေးကို တင်းနေအောင်ဖက်ထားလိုက်ရင်း မျက်နှာချင်းဆိုင်ခုံက လူငယ်လေးကိုပြုံးပြကာ သားဖြစ်သူဂျစ်သမျှကို ပြုံးပြုံးလေးပြန်ဖြေနေသည်။ ငယ်ငယ်ကတည်းက လက်ပွန်းတတီး မနေခဲ့ရတာကြောင့် သားငယ်လေးက ယခုအရွယ်ထိတိုင်အောင် မိဘဖြစ်တဲ့ မိမိရင်ခွင်မှာ ရရင်ရသလို ကပ်ချွဲတတ်သည်။

ဖအေရင်ခွင်ထဲဝင်ကာ ချွဲနေရင်း သားဖြစ်သူကတော့ ဘဝလက်တွဲဖော်ကို မိတ်ဆက်ပေးသည်တဲ့လေ။

" ကဲ ငယ်ငယ် ... ဒယ်ဒီ့ကို သားချစ်သူနဲ့ မိတ်ဆက်ပေးမယ်ဆို . သားချစ်သူ ပျင်းနေမယ်လေကွာ ... သွား သားကိုကိုနား သွားထိုင် "

" ဟီးဟီး ... ဟုတ် ဒယ်ဒီ"

ဖခင်ဖြစ်သူကို ပါးချိုင့်လေးခွက်နေသည်အထိ ပြုံးပြရင်း Daniel က စစ်မင်းရှိရာဘေးကို လာထိုင်သည်။ Daniel ရဲ့ daddy မပြောခင်ကတည်းက စစ်မင်းမှာ ဖခင်နားကပ်ချွဲနေသည့် Daniel လေးကို အူယားလို့မဆုံး။ ချစ်စရာနာမ်စားလေးကိုလည်း ဖခင်ဖြစ်သူထံကသိလိုက်ရသည်။ စစ်မင်းရှေ့မှာ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကို အမျိုးမျိုးမြင်ခဲ့ဖူးပေမယ့်လည်း ဖခင်နားကပ်ချွဲနေတဲ့ ပုံလေးကတော့ Daniel ရဲ့ နောက်ထပ် ချစ်စရာပုံစံလေး တစ်မျိုးဖြစ်ပေလိမ့်မည်။

Love Me Like The Way [Completed]Where stories live. Discover now