Part 28

13.3K 1.5K 128
                                    

[Zawgyi]

အိပ်နေရင်းအသက်ရှူကြပ်မတတ် အနောက်ကနေတင်းနေအောင် ဆွဲဖက်ခံလိုက်ရတာကြောင့် Daniel နိုးလာရသည်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေပြီဆိုတာ သိနေတဲ့စိတ်ကြောင့် နောက်ကနေ သိုင်းဖက်လိုက်တဲ့သူက Daniel ရဲ့ အသေးလုံးငယ်လေး မဟုတ်ဘူးဆိုတာတော့ သေချာသိသည်။ ဦးနှောက်ကို မြန်မြန်အလုပ်ပေးကာ အိပ်နေရာကနေ ဆတ်ခနဲထထိုင်ပြီး ဘေးကိုကြည့်လိုက်တော့ လှဲအိပ်နေသည့် Leon ရှိနေသည်။

" မင်းဘာလာလုပ်တာလဲ Leon ... ကိုယ့်အခန်းထဲ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ "

" Oppos ! ကိုယ့် darling အခန်းထဲကို လာအိပ်တာလေ ... honey က ဘယ်သူ့ခွင့်ပြုချက်တောင်းရမှာလဲ "

" Shit . Leon ! မင်းကို ကိုယ်ဘယ်တုန်းက အဲ့လောက် အခွင့်အရေးပေးဖူးလို့လဲ ... ကျစ် . "

နောက်ကျိလာတဲ့ စိတ်အစဉ်ကြောင့် Daniel နှာရိုးစပ်ကို ဖိကိုင်လိုက်ရင်း သက်ပြင်းရှိုက်လိုက်သည်။ တလိပ်လိပ်တက်လာသည့် ဒေါသတွေကိုမျိုချရင်း အသက်ကိုမှန်မှန်ရှူပြီး စိတ်ထိန်းနေရသည်။

" အဲ့လိုမပြောပါနဲ့ darling ... honey က daring ရှိတဲ့ဒီကို တစ်ယောက်ထဲလာတာလည်း သတိရပါဦး "

" လာခိုင်းမိလို့လား ... Munich မှာ ကတည်းက အဲ့လောက်ထိ ပတ်သက်ရအောင် မင်းမှာအခွင့်အရေးရှိလား "

Daniel ပြောလိုက်တာကြောင့် ပယင်းရောင်မျက်ဝန်းတွေကနေ  ဝေ့တက်လာတဲ့ မျက်ရည်တွေကို အကြည့်လွှဲလိုက်မိသည်။ ချစ်ရတဲ့အသေးလုံးလေးလို မျက်ဝန်းဝိုင်းတွေကို Leon က ပိုင်ဆိုင်ထားပေမယ့် Daniel ရဲ့ ရင်အစုံကို ခုန်လှုပ်လာဖို့ထိ မစွမ်းဆောင်နိုင်။

" Dar . darling ... မနောက်ပါနဲ့ ... အဟား စိတ်ဆိုးနေတာမလား ... ဘာမှမပြောပဲ လိုက်လာမိလို့လေ ... ပြီးတော့ darling ရဲ့ အခန်းထဲကို ခုလိုဝင်လာလို့ စိတ်ဆိုးသွားတာမလား ... မကြိုက်ရင်မလာတော့ဘူးနော် ... ကျေနပ်တဲ့အထိ ချော့မှာမလို့ စိတ်လျော့ပါဦး "

" အစကတည်းက ငါရှိတဲ့ ဒီနိုင်ငံကိုလိုက်မလာသင့်တာ ... အဲ့ဒါက မင်းရဲ့ပထမအမှားပဲ ... ဒီနေရာက မင်းနဲ့မအပ်စပ်နဲ့နေရာလေ ... ကျေးဇူးပြုပြီး မင်းအခန်းမင်း ပြန်နေပါ Leon "

Love Me Like The Way [Completed]Where stories live. Discover now