Part 5

23.5K 2.5K 93
                                    

[Zawgyi]

တီး . တီး ~~~

နှိုးစက်ကနေ ထွက်ပေါ်လာသည့် ခပ်ကျယ်ကျယ် အချက်ပေးသံကြောင့် အိပ်နေရာကနေ ငေါက်ခနဲ့ ထထိုင်မိသည်။ လက်မှာပတ်ထားသည့် နာရီကိုကြည့်လိုက်တော့ မနက်‌ခြောက်နာရီခွဲနေပြီဖြစ်သည်။ အဆက်မပြတ် မြည်နေသည့် နှိုးစက်ကို လှမ်းပိတ်လိုက်ရင်း အိပ်ချင်စိတ်ပျောက်အောင် မျက်လုံးကို တစ်ချက်နှစ်ချက် ဖိပွတ်ပစ်လိုက်သည်။

ပုံမှန်ဆို နာရီနှိုးစက်သံမကြားရ‌သေးခင် နိုးနေတတ်ပေမယ့် ယနေ့အတွက်ကတော့ ထိုကဲ့သို့မဟုတ်ပေ။ အကြောင်းအရင်းမှာ ပူပူနွေးနွေးရထားသည့် private ဧည့်သည် မျက်နှာရူးကောင်က ညကြီးမိုးချုပ် စစ်မင်း အိပ်ခါနီးအချိန်ကြီး မေးလ်ပို့ကာ သွားချင်တာတွေ စားချင်တာတွေကို အမျှင်မပြတ်နိုင်ပဲ တစ်သီတစ်သန်းကြီး ရစ်ထုပ်လုပ်နေတာကြောင့်နောက်ကျမှ အိပ်ရသည်။

လေဆိပ်မှာသွားကြိုပြီး နောက်တစ်ရက်က မြန်မာကို ရောက်ကာစမလို့ အနားယူဦးမယ်ဆိုတာကြောင့် စစ်မင်းလည်း တစ်ရက်အနားရလိုက်သေးသည်။ သို့ပေမယ့် နောက်တစ်ရက်ကတော့ ရွှေတိဂုံစေတီကို သွားချင်ပြီး မြန်မာက မုန့်ဟင်းခါးကိုမှ စားချင်လှပါချည်ရဲ့ဆိုကာ ညနက်သည်အထိ ဖြစ်ချင်သမျှကို ပြောထားတာကြောင့် စစ်မင်းမှာ ဘုရားမသွားခင် မုန့်ဟင်းခါးဆိုင်ကို လိုက်ပို့ရဦးမည်ဖြစ်သည်။

ချိန်းထားသည့်အချိန်က မနက် ရှစ်နာရီမလို့ နောက်ကျနေမှာ စိုးတာကြောင့် အိပ်ယာကနေထလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် သွားတိုက်ပြီး ရေမြန်မြန်ချိုးရသည်။ ရေချိုးပြီးသည်နှင့် ကုတင်ခြေရင်းမှာထားတဲ့ ဗီရိုထဲက နီညိုရောင်အကွက်စိပ်ပုဆိုးနဲ့ လည်ဂတုံးရှပ်အဖြူ တစ်ထည်ကိုထုတ်ကာ မြန်မြန်ဝတ်ရသည်။

အကုန်အဆင်သင့်ဖြစ်ပြီဆိုကာမှ မပါမဖြစ်မျက်မှန်ကိုလည်း တပ်ရသေးသည်။ မနက်စာကတော့ စားလို့မဖြစ်သေး‌ပေ။ မျက်နှာရူးကိုယ်တော်ကို မုန့်ဟင်းခါးဆိုင် လိုက်ပို့ပေးရမှာမလို့ အဲ့ရောက်မှသာ တစ်ခါတည်း စားတော့မယ်လို့သာ တွေးထားလိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now