Extra-Marriage Life (9)

8.5K 975 87
                                    

[Zawgyi]

ဘေစင်ပေါ်မှာ လက်ထောက်ထားရင်း မျက်စိရှေ့က မှန်ကို Daniel စိုက်ကြည့်နေမိသည်။ နံရံနဲ့ခေါင်းကို ပစ်ဆောင့်ထားတာမလို့ နဖူးစပ်ကနေ မျက်ခုံးနားထိ ကွဲသွားတဲ့ဒဏ်ရာက သွေးတွေစိမ့်ထွက်ကာ Daniel ရဲ့ မျက်နှာပေါ်ကို ယိုစီးကျနေသည်။ မျက်ဝန်းညိုလေးတွေဆီကနေ တသွင်သွင်စီးကျထားတဲ့ မျက်ရည်တွေကြောင့်ရော၊ စီးကျနေတဲ့ သွေးတွေကြောင့်ပါရောပြီး Daniel ရဲ့ မျက်နှာဖွေးဖွေးတစ်ခုလုံး စိုရွှဲနေပြီဖြစ်သည်။

" Daniel ! မင်းထွက်ခဲ့နော် Daniel ... မင်းငါ့ကလက်က လွတ်မယ်ထင်နေလို့လား . ဒီနေ့လိုအချိန်မျိုး ရောက်လာဖို့ ငါစောင့်ခဲ့ရတာ ... မင်းကို လွယ်လွယ်အလွတ်ပေးမယ်လိုများ ထင်နေတာလား "

ရေချိုးခန်းရဲ့ အပြင်ဘက်ကနေ Max က တံခါးကို တဒုန်းဒုန်းထုရင်း ရေချိုးခန်းထဲမှာပဲ ရှိနေသေးတဲ့ Daniel ကို အော်ခေါ်နေသည်။ အော်ခေါ်ရုံနဲ့မပြီးတဲ့ Max က Daniel ကို ခြိမ်းခြောက်နေသေးသည်။ Daniel မှာ လက်ထောက်ထားရင်းနဲ့ ခေါင်းစောင်းကာ ရေချိုးခန်းရဲ့တံခါးဆီလှည့်ကြည့်လိုက်ရင်း ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။ ရေတွေကိုဖွင့်ချရင်း Daniel က မျက်နှာကို ရေနဲ့နာနာဖိသစ်လိုက်သည်။ တဆစ်ဆစ်နဲ့ ကိုက်ခဲတက်လာတဲ့ ခေါင်းကဒဏ်ရာကို လျစ်လျူရှုထားရင်း လက်ဆစ်တွေမှာပေနေတဲ့ သွေးစတွေကိုလည်း ပြောင်အောင်ဆေးလိုက်သည်။ အေးစက်စက်ရေတွေနဲ့ သန့်စင်လိုက်ရတာကြောင့် Daniel အနည်းငယ်တော့ လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။

ခဏကြာတော့ Daniel က ခါးကိုင်းပြီး ဘေစင်ကို  လက်ထောက်ထားရင်းကနေ မတ်မတ်ပြန်ရပ်လိုက်ပြီး ရေချိုးခန်းရဲ့ တံခါးဝဆီလျှောက်သွားလိုက်သည်။ တံခါးကို ဖြည်းဖြည်းချင်းလှည့်ပြီး ဖွင့်လိုက်တော့ ရေချိုးခန်းရှေ့မှာ ရပ်ပြီး မျက်နှာထက်မှာ မဲ့ပြုံးကိုချိတ်ဆွဲထားပြီး စောင့်နေတဲ့ Max က Daniel ကို တွေ့တဲ့အချိန်မှာတော့ ပြုံးနေတဲ့မျက်နှာက ချက်ချင်းပျက်သွားကာ ထိတ်လန့်သလိုဖြစ်သွားသည်။ Daniel ကလည်း ဂရုမစိုက်ပဲ ရေချိုးခန်းထဲက ထွက်လာကာ Max ရှေ့တည့်တည့်ရပ်ပြီး Max လိုမျိုး မဲ့ပြုံးပြုံးပြလိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now