Part 20

17.7K 1.7K 63
                                    

[Zawgyi]

နောက်တစ်နေ့မနက်ပိုင်းမှာ အင်းထဲသွားဖို့ ပြင်ဆင်ပြီးကြတော့ မနက် ၇ နာရီအတိရှိပြီဖြစ်သည်။ Daniel က V neck တီရှပ်အနီရဲရဲလေးနဲ့ ဂျင်းပန်အပြာရောင်လေးကို ပေါ့ပေါ့ပါးပါးဝတ်ထားပေမယ့် စစ်မင်းကတော့ လည်ဂတုံးရှပ် အပြာနုရောင်လေးကို အပြာရင့်ရောင် ပုဆိုးအကွက်လေးနဲ့ တွဲဝတ်ထားသည်။ ပြင်ဆင်ပြီးလို့ ဖိနပ်စီးကြတော့ Daniel က half shoe လေး စီးပေမယ့် စစ်မင်းကတော့ စီးနေကျဖြစ်သည့် ကတ္တီပါခြေညှပ်ဖိနပ်လေးကိုစီးသည်။

စစ်မင်းမှာ နက်ပြောင်နေသည့် ကတ္တီပါဖိနပ်လေးပေါ်က ခြေချောင်းသွယ်သွယ်လေးတွေကို ကိုယ့်ဘာသာပြန်ကြည့်ရင်း Daniel က ဒီခြေချောင်းလေးတွေကအစ သဘောကျရကြောင်း ပြောဖူးတာကို သတိရသွားတာမလို့ ပြုံးမိရသေးသည်။

အခန်းထဲကမထွက်ခင် Daniel က သူ့အသေးလုံးလေးရဲ့ နားသယ်စပ်လေးကို ချစ်မဝစွာနဲ့ တရှုံ့ရှုံ့နဲ့ ဖိနမ်းပစ်သေးသည်။ Daniel တို့ ငှားထားသည့် ခြေတံရှည်လုံးချင်းအိမ်လေးကနေ ထွက်ခဲ့ပြီး မနက်စာစားဖို့ reception ရဲ့ အပေါ်ထပ်ကိုသွားတော့ ဘယ်ဘက်မှာ ရေကူးကန်ကျယ်ကြီးတစ်ကန်က ကြည်ကြည်လင်လင်နဲ့ သန့်သန့်ရှင်းရှင်းရှိနေသည်။ Daniel က ထုတ်မပြောမိပေမယ့် မပြန်ခင် ရေဆင်းကူးမယ်လို့သာ စိတ်ထဲက တေးမှတ်ထားလိုက်သေးသည်။

Reception ရဲ့ အပေါ်ထပ်ကို ရောက်တော့ ဘူဖေးစနစ်မျိုးမဟုတ်ပဲ မီနူးနဲ့ စားခါနီးကျမှာသာ လုပ်ပေးခြင်း ဖြစ်သည်။ အဆင်ပြေမယ့် မနက်စာကို နှစ်ယောက်အတူမှာလိုက်ပြီး မှာထားတာတွေမရခင် လာချပေးထားတဲ့ ခွဲပြီးသား အသီးအနှံအစုံအလင်ကို အရင်စားပြီး ဖျော်ရည်သောက်နေလိုက်သည်။

" အင်းက ဒီဟိုတယ်နဲ့ နီးတယ်လား baby ... တကယ်လမ်းလျှောက်သွားမှာလား "

" နီးနီးလေး Daniel ရဲ့ ... ၁၅ မိနစ်လောက်တော့ လမ်းလျှောက်ရတာပေါ့ ... ခဏလေးပါပဲ "

" ဟုတ်ပါပြီ ... မနက်စာစားပြီးတာနဲ့ သွားကြတာပေါ့ "

အခန်းထဲက ထွက်လာကတည်းက အသေးလုံးလေးက Daniel ကို လမ်းလျှောက်သွားဖို့ ပြောထားတာမလို့ ခရီးအကွာအဝေး နီးမနီးမေးရသေးသည်။ စကားပြောနေရင်း ဘယ်လောက်မှ မကြာလိုက်သေးတဲ့အချိန် မှာထားတဲ့ မနက်စာပန်းကန်ကို ဝိတ်တာလေးက လာချပေးသည်။ ပေါင်မုန့်နှစ်ချပ်စီကို တွဲစားချင်တာနဲ့ စားလို့ရအောင် jam နဲ့ cheese ကို တစ်ပန်းကန်စီ သတ်သတ်ထည့်ပေးထားသည်။ ပေါင်မုန့်အပေါ်မှာတော့ ကြက်ဥ half fried လေးကို တစ်လုံးစီကြော်ကာ တင်ထားပေးသည်။

Love Me Like The Way [Completed]Where stories live. Discover now