Extra-Marriage Life (Final)

20.3K 1K 92
                                    

[Zawgyi]

ဗွမ်း ...

ကိုယ်ပေါ်ကို အေးစက်စက်ရေတွေနဲ့ ရုတ်တရက်အပက်ခံလိုက်ရတာကြောင့် နာကျင်မှုတွေနဲ့အတူ မေ့မျောနေရာကနေ Max သတိပြန်လည်လာသည်။ စိုစွတ်စွတ်ကြမ်းပြင်ပေါ်မှာ ပစ်စလက်ခတ် လှဲချထားခံရတာမလို့ နဂိုကတည်းက နာကျင်နေတဲ့ခန္ဓာကိုယ်က ပိုလို့တောင်ထုံကျင်နေသည်။

" အား ... ကျွတ်ကျွတ် "

နာကျင်မှုကြောင့် တစ်ချက်ညည်းညူရင်း မှေးမှိတ်ထားတဲ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ မျက်စိရှေ့မှာ ပြောင်လက်နေတဲ့ ရှူးဖိနပ်တစ်ရံကို ဦးစွာမြင်လိုက်ရသည်။

" သတိရလာပြီပေါ့ "

အေးစက်နေတဲ့အသံက ကျောချမ်းစရာကောင်းပေမယ့် Max အတွက်ကတော့ ဘာမှမဟုတ်သလိုပင်။ ဝေဝါးနေတဲ့ မျက်လုံးတွေကို ပြန်မှိတ်လိုက်ပြီး ခဏအကြာမှာ ပြန်ဖွင့်လိုက်တော့ ထိုင်ခုံတစ်ခုံမှာမှီထိုင်ပြီး Max ကို လက်ပိုက်ကြည့်နေတဲ့ Daniel ကို တွေ့လိုက်ရသည်။ လှဲနေရာကနေ စကားပြောဖို့ ပြင်လိုက်ပေမယ့် ခြောက်ကပ်နေတဲ့ လည်ချောင်းကြောင့် အရာမထင်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကို အားယူပြီးထလိုက်ရင်း ရောက်နေတဲ့နေရာကို ဝေ့ဝဲကြည့်လိုက်တော့ ကြီးမားတဲ့ ဂိုထောင်အဟောင်းတစ်လုံးလို့တော့ ထင်ရသည်။ မီးအလင်းရောင်မရှိပေမယ့် အပြင်ဘက်ကနေ တိုးဝင်နေတဲ့ စူးရှရှနေရောင်ကြောင့် ရောက်နေသည့်နေရာရဲ့ အတွင်းပိုင်းကို ကောင်းကောင်းမွန်မွန် မြင်နေရသည်။

" မင်း ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာလဲဆိုတာတော့ သိမှာပါနော် Max "

" အဟက် ... "

Daniel ရဲ့ မေးခွန်းကို Max က မတုန့်ပြန်ပဲ ခြောက်ကပ်ကပ်ရယ်လိုက်တာကြောင့် နဂိုကွဲထားတဲ့ နှုတ်ခမ်းနားက သွေးတွေနဲ့ခြောက်ကပ်နေသည့် ဒဏ်ရာက ပြန်ကွဲထွက်ပြီး နာကျင်လာသည်။ ဂိုထောင်ထဲမှာ Daniel နဲ့ Max က လွဲရင် ဘေးမှာ လူငါးယောက်လောက် ရှိနေပေမယ့် Daniel တစ်ယောက်ထဲနဲ့တင်ကို ကြောက်စရာ အေးစက်စက်အငွေ့အသက်တွေက ပတ်ဝန်းကျင်မှာ အပြည့်လွှမ်းခြုံနေသည်။

" အင်း ... မင်းရဲ့အဖိုးတန်လေးကို ထိမိလို့ပေါ့ "

" မင်းအဲ့လောက်ထိ လုပ်လိမ့်မယ်လို့ မထင်ထားဘူး Max ... ငါ့ကိုထိရတာအားမရလို့ ငါ့ကိုမရတော့ baby ကို ဖျက်ဆီးဖို့လုပ်တယ်ပေါ့ ... ဘာလို့လဲ Max . ပြီးတော့ မင်းသိရမှာတစ်ခုက ငါက baby ကို ဘယ်လိုဖြစ်ဖြစ်ချစ်တယ် . သူ့ခန္ဓာကိုယ်ထက် သူဖြစ်ရင်ရတယ် . baby ဖြစ်နေတာနဲ့တင် ငါချစ်တယ် ... ငါ့ baby ကို ဖျက်စီးပစ်မှ ငါ့ကိုရမယ်ဆိုတဲ့ အတွေးတွေကို ထုတ်ထားလိုက် ... မင်းဘာမှပြောင်းလဲနိုင်မှာမဟုတ်ဘူး "

Love Me Like The Way [Completed]Where stories live. Discover now