Extra-Marriage Life (5)

9.2K 956 35
                                    

[Zawgyi]

" ချစ်မှန်းသိတော့ baby က သိပ်ဆိုးတယ် ~ "

" မင်း ... ဖယ်ပါ . ငါ့ကိုလွှတ် ... ဟုတ်တယ် ငါကဆိုးတယ် ... လွှတ်စမ်းပါ "

အသေးလုံးလေးကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်သိုင်းဖက်ထားရင်း Daniel က ခပ်တိုးတိုးဆိုတော့ အသေးလုံးလေးက ငြိမ်နေရာကနေ ပြန်ရုန်းကန်လာသည်။ လက်သီးဆုပ်လေးတွေနဲ့ ရင်ဘတ်ကို ထုရိုက်ကာ လွှတ်ဖို့ပြောပြီး ရုန်းကန်တော့သည်။

" မဆိုးပါနဲ့တော့ဆို baby ရယ် ... ကိုယ်ခွင့်ပြုမယ်လို့ပြောထားပြီလေ . မင်းတွေ ငါတွေ သုံးပြီး မပြောပါနဲ့တော့ ... ငိုလဲမငိုပါနဲ့တော့ "

" မင်းက ငါ့ကိုချစ်တယ်ပြောပြီး ပိတ်လှောင်ထားချင်နေတာ "

" ကိုယ်ဘယ်လိုပြောရမလဲ baby ရယ် ... ကိုယ်ဘယ်လိုပြောမှ baby နားလည်မှာလဲ . ပိတ်လှောင်ထားတယ်ဆိုတာမျိုး baby အထင်မှားသွားဖို့ မရည်ရွယ်ပါဘူး . ကိုယ်က ~ ကိုယ်က ဒီတိုင်းလေး baby ကို သက်တောင့်သက်သာနေစေချင်လို့ပါ "

" သက်တောင့်သက်သာ အကြာကြီးနေပြီးပြီပဲကို "

စကားအသွားအလာနဲ့ အသံအနေအထားအရ အသေးလုံးလေးက စိတ်ဆိုးနေတာ နည်းနည်းပြေလျော့လာပုံရသည်။ Daniel ကို ထပ်ပြီး ထုရိုက်နေတာမျိုးမလုပ်တော့ပေမယ့် လေသံလေးကတော့ ဂျစ်တစ်တစ် ဖြစ်နေသေးသည်။

" လာပါဦး . ကိုယ့်ကိုကြည့်ပါဦး "

" ဟင့်အင်း "

Daniel က အသေးလုံးလေးရဲ့ ပခုံးလေးနှစ်ဖက်ကနေ အသာကိုင်ပြီး ရင်ခွင်ထဲကနေ ဆွဲထုတ်သည်။ အသေးလုံးလေးက မျက်နှာအမြင်မခံပဲ Daniel ရဲ့ ရင်ခွင်ထဲ ပိုတိုးဝင်ရင်း မျက်နှာလေးနဲ့ ရင်ဘတ်ကို ပွတ်တိုက်တိုးလို့သာ ငြင်းဆန်နေသည်။

" မျက်ရည်တွေ မမြင်ချင်ဘူးဆို မကြည့်နဲ့ "

" ကိုယ်က baby ရဲ့ မျက်ရည်တွေကို မမြင်ချင်ဘူးဆိုပေမယ့် baby ငိုတဲ့အခါ မျက်ရည်သုတ်ပေးရတဲ့သူကလည်း ကိုယ်လဲဖြစ်ချင်တာလေ "

" ငါအရမ်းဆိုးနေလားဟင် ~ "

" ကိုယ့်ကိုယ်ကိုယ် 'ငါ' လို့ မသုံးတော့ရင် . ကိုယ့်ကို 'မင်း' လို့ မခေါ်တော့ရင် baby က မဆိုးဘူး ... မဟုတ်ရင် baby က အရမ်းဆိုးတယ် . ကြိုက်သလိုဆိုးစမ်းပါ baby ရ . ဒီလိုတော့မဆိုးနဲ့ ... ကျန်တာက ဆိုးချင်သလိုဆိုး ကိုယ်က ဘာမဆိုအလျော့ပေးသည်းခံပြီး baby ကို ချစ်ပေးမှာ ... baby ဘာပဲလုပ်လုပ် ကိုယ့်ဘက်က အချစ်တွေက လျော့မသွားသလို မပြောင်းလဲဘူး ကိုယ့်အဆိုးလေးရဲ့ "

Love Me Like The Way [Completed]Onde histórias criam vida. Descubra agora