Part 8

20.2K 2.3K 68
                                    

[Zawgyi]

နောက်တစ်နေ့မနက်မှာတော့ ဟိုတယ်အပေါ်ထပ်မှာ စစ်မင်းတို့ မနက်စာစားဖြစ်ကြသည်။ အချိန်အားဖြင့် နံနက်ကိုးနာရီမထိုးခင် ဖြစ်တာမလို့ မနက်စာစားချိန်က အနည်းငယ်နောက်ကျနေပြီလို့တောင် ဆိုလို့ရသည်။

" ကိုအောင်ကျော်ကတော့ ဟိုတယ်မှာပဲ နေချင်လည်းနေ ... မနေရင်လည်း ကန်တော်ကြီးတို့ဘာတို့ လမ်းသွားလျှောက်ရင်လျှောက်ပေါ့ ... ဒီနားမှာ မီနီအိုးဝေလေးတွေ ရှိတယ် "

ကိုအောင်ကျော်က ဒူးနာသမားလို့ ပြောထားတာကြောင့် ဓာတ်တော်ချိုင့်ကို အတက်အဆင်းက မလွယ်ကူတာမလို့ ထားခဲ့ဖို့ပဲလုပ်ရသည်။ ဒါကြောင့် ကားယူပြီး စစ်မင်းကမောင်းကာ Daniel နဲ့ပဲ ဓာတ်တော်ချိုင့်ကိုသွားဖို့ စီစဉ်လိုက်တော့သည်။

" ရပါတယ် ဆရာလေးရယ် ... ဒီမှာပဲနေခဲ့ပါ့မယ် ... ဆရာလေးတို့သာ ဂရုစိုက်သွား ... အဆင်ပြေပါ့မလား ... ကျွန်တော်လိုက်မပို့ပဲ လိုကေးရှင်းကြည့်ပြီးသွားလို့ "

စစ်မင်းက ခေါင်းညိတ်ပြလိုက်သည်။ ကော်ဖီတစ်ငုံကို ယူသောက်လိုက်ရင်း ဘာရယ်မဟုတ် ဘေးက Daniel က သင်္ဘောသီးစိပ်လေးတွေကို ခက်ရင်းနဲ့ ထိုးစွနေရင်း အလုပ်များနေသည်။

" အဆင်ပြေပါတယ်ဗျာ ... ကိုအောင်ကျော်လိုက်ပို့လည်း GPS ကိုကြည့်ပြီးသွားရမှာပဲကို "

" ဟုတ်ဟုတ် ဆရာလေး ... အဲ့တာဆို ကျွန်တော် နေခဲ့လိုက်ပါ့မယ် "

" ကဲ ပြီးတော့ Daniel မြန်မြန်စား ... အခုကို ကိုးနာရီရှိနေပြီ ... သွားဖို့က နေမြင့်သွားရင် ရာသီဥတုပူလာရင် ပိုပင်ပန်းမှာစိုးလို့ "

" ပြီးပြီ baby ရဲ့ ... ကိုယ်က ရေတစ်ခါတည်း ချိုးခဲ့ပြီးသား ... အဝတ်အစားက အောက်ကဘောင်းဘီလဲရုံပဲ ... စားလို့လည်းပြီးပြီ ... ကိုယ်တို့ သွားဖို့လုပ်ကြမလား  "

" အော် အိုကေ ... အဲ့တာဆို အခန်းပြန်ကြတာပေါ့ "

Daniel က စားပြီးပြီဆိုတာကြောင့် စစ်မင်းလည်း အချိန်ဆွဲမနေတော့ပဲ အခန်းပြန်ပြီး ဓာတ်တော်ချိုင့်ကိုသွားဖို့ ပြင်ဆင်ရသည်။

Daniel က အခန်းကိုပြန်ရောက်ရောက်ချင်း များများစားစား ပြင်ဆင်စရာမရှိတာ‌ကြောင့် အောက်ကဝတ်ထားသည့် ဘောင်းဘီကို အားကစားဘောင်းဘီတစ်ထည်နှင့် လဲဝတ်လိုက်သည်။

Love Me Like The Way [Completed]Where stories live. Discover now