Part 16

18.2K 2K 74
                                    

[Zawgyi]

နှုတ်ခမ်းထက်က ပူနွေးနွေးအငွေ့အသက်လေး ကင်းကွာသွားသည့်တိုင် မြင်လွှာတို့ကို ဖွင့်မကြည့်ရဲသေးပဲ အိမ်မက်ဖြစ်မှာစိုးနေသည်။ စိတ်ကူးနဲ့ရူးနေခဲ့ရတာမလို့ ဒီအခိုက်အတန့်လေး ပျောက်ကွယ်သွားမှာ Daniel စိုးရိမ်သည်။ လက်နှစ်ဖက်နှင့် ခပ်ဖွဖွအုပ်ကိုင်ထားမိသည့် ချစ်ရသူရဲ့ ပါးပြင်နွေးငွေ့ငွေ့ကိုလည်း မလွှတ်ပေးမိသေး။

" Daniel ~ "

ခေါ်သံတိုးလျလျ ... မြတ်နိုးနေရသူရဲ့ ခေါ်သံတိုးလျလျလေး ... ဖိမှိတ်ထားသည့် မျက်လုံးတို့ကို ဖြည်းဖြည်းချင်းဖွင့်ကြည့်မိတော့ ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို တွေ့လိုက်ရသည်။ မှောင်ရီပျိုးစဖြစ်နေပြီမလို့ ဘေးနားကမီးပုံမှာရှိနေသည့် မီးတောက်ရဲ့အလင်းနဲ့တင် မျက်ရည်ဥတွေနှင့် မျက်ဝန်းလေးက တလက်လက်တောက်ပနေသည်။

"ကျွန်တ်ာကမကောင်းတဲ့သူဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါတယ် ... ဒါပေမယ့် . အင့် ~ ဒါပေမယ့် ... ကျွန် ကျွန်တော် မထိန်းချုပ်နိုင်ခဲ့လို့ တောင်းပန်ပါတယ် ... Daniel ကို ကျွန်တော်ချစ်တယ် ... သိပ်ချစ်တယ် Dany ... မျက်ဝန်းညိုညိုလေးတွေ ... အနက်ရောင်ဆံပင်တွန့်တွန့်လေးတွေ ... ဘယ်ဘက်ပါးကပါးချိုင့်လေး  ... ကျွန်တော်သိပ်မြတ်နိုးတယ် Daniel ~ "

Daniel ရင်နဲ့အမျှ ချစ်ရသူက ဘယ်ဘက်ပါးပြင်က ပါးချိုက်ခွက်ခွက်လေးကိုတို့ထိရင်း ရှိုက်ငိုနေသည်မဟုတ်ပေမယ့် တုန်ရင်ကာ အဖျားခတ်မှာနစ်ဝင်သွားသည့် အသံလေးနှင့်ဆိုသည်။ တစ်ဖက်ကသာ စကားတွေ ပြောနေပေမယ့် Daniel ကတော့ ဘာစကားမှ ပြန်မပြောနိုင်သေးပဲ အသိလွတ်နေတုန်း။ ကိုယ့်ကို ဘယ်လိုမြတ်နိုးကြောင်း ပြောနေတဲ့သူက ကိုယ့်ဘက်ကလည်း ထပ်တူမြတ်နိုးရသူဖြစ်နေသည်။

Daniel က ဘာမှမပြာပဲ စိုက်ကြည့်နေတာကြောင့် မျက်စိရှေ့က မျက်ဝန်းငယ်ဆီကနေ မျက်ရည်စတွေ တွင်တွင်စီးကျလာသည်မလို့ သတိပြန်ဝင်လာသည်။ ပါးပြင်ပေါ်တင်ထားသည့် အသေးလေးရဲ့လက်တစ်ဖက်ကို ပြန်လည်ဆုတ်ကိုင်ကာ နှုတ်ခမ်းနားတိုးကပ်ပြီး တစ်ဖွဖွနမ်းရှိုက်မိသည်။

Love Me Like The Way [Completed]Where stories live. Discover now