Part 33

13.1K 1.3K 17
                                    

[Zawgyi]

" Baby ရေ ... ခေါက်ဆွဲပြုတ်ပေးပါ "

" ခဏလေးပါ အဆိုးလေးရေ ... ကိုကို အဝတ်အစားလဲနေလို့ ... ပြီးရင်ပြုတ်ပေးမယ် "

ကော်ဖီဆိုင်ကပြန်လာကတည်းက Daniel က အိမ်မပြန်ပဲ စစ်မင်းအိမ်ကို ပြန်လိုက်လာကာ သောင်တင်နေသည်။ အခုလည်းကြည့်။ စစ်မင်းက ရေချိုးပြီးလို့ အဝတ်အစားလဲနေတုန်းရှိသေး ... ဧည့်ခန်းထဲမှာ ခြေပစ်လက်ပစ်နဲ့ အခန့်သားထိုင်ကာ ဂိမ်းဆော့နေရင်း စစ်မင်းကို ခိုင်းစားနေသည်။ အင်္ကျီအဝတ်အစားအပိုပါမလာတာကိုလည်း အိမ်ပြန်မယူပဲ စစ်မင်းရဲ့ အဝတ်အစား မတော်တရော်တွေကိုပဲ ယူဝတ်သည်။ ချည်ဘောင်းဘီပွပွလေးက ပုံမှန်ဆို စစ်မင်းဝတ်ရင် ဒူးအောက်ထိရှည်ပေမယ့် Daniel ဝတ်လိုက်တော့ ဒူးအပေါ်ကို တော်တော်ရောက်နေသည်။ အခုဆိုရင် ဒူးနှစ်ဖက်ကိုထောင်ရင်း ဆိုဖာပေါ် ဂိမ်းထိုင်ဆော့နေတော့ ဝတ်ထားတဲ့ဘောင်းဘီပွပွလေးက ပေါင်တစ်ဝက်ထိကို တိုတက်နေပြီဖြစ်သည်။

" ဘာဂိမ်းတွေ အသည်းအသန် ဆော့နေတာလဲ ကလေးလေး "

" ဟမ် . ဒီမှာလေ baby ... ဖုန်းထဲက baby ရွေးပေးခဲ့တဲ့ တူတဲ့အကောင်ရွေးတဲ့ ဂိမ်းလေးလေ "

အဝတ်အစားလဲပြီးလို့ အိမ်ရှေ့ထွက်လာတဲ့ စစ်မင်းက Daniel ထိုင်နေတဲ့ ခုံနောက်မှာသွားရပ်ပြီး ခါးလေးကိုင်းကာ ဂိမ်းဆော့နေတဲ့ Daniel ရဲ့ ဆံပင်လှိုင်းတွန့်လေးတွေ၊ နားရွက်ကားကားလေးနဲ့ နားထင်လေးကို ဖိနမ်းရင်းမေးမိသည်။ ခေါင်းလေးလည်ပြန်လှည့်လာပြီး စစ်မင်းရဲ့ နှုတ်ခမ်းကို တစ်ဖန်ပြန်နမ်းကာ ဖြေတဲ့အဖြေကတော့ လက်ထဲမှာ စစ်မင်းဖုန်းလေးကိုင်ထားပြီး အကောင်တူရွေးတဲ့ ဂိမ်းလေးကိုဆော့နေတာဖြစ်သည်။ ပုံမှန်ဆို Daniel က ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ယူကိုင်တတ်တဲ့ သူမျိုးမဟုတ်ပေမယ့် စစ်မင်းရဲ့ ဖုန်းကိုတော့ စစ်မင်းကိုယ်တိုင် ဂိမ်းလေးရွေးပေးပြီး Daniel လေးရဲ့ လက်ထဲ ထည့်ပေးခဲ့တာဖြစ်သည်။ ထုံးစံအတိုင်း လူကြီးလူကောင်းဆန်ဆန် တစ်ခြားတွေ လျှောက်မပြောင်းပဲ ဖွင့်ပေးထားခဲ့တဲ့ ဂိမ်းပဲ ထိုင်ဆော့နေတဲ့ Daniel ကတော့ Daniel ပါပဲ။

" ချစ်ဖို့ကောင်းလိုက်တာရော် ... ကလေးလေးကျနေတာပဲ "

" Baby ပဲ ကိုယ့်ကို ကလေးလေးလို့ ခေါ်ပြီးတော့ ... အဲ့တော့ ကလေးလေးပဲပေါ့ "

Love Me Like The Way [Completed]Where stories live. Discover now