Extra-Marriage Life (4)

9.4K 1.1K 59
                                    

[Zawgyi]

အလုပ်ကနေ Max ကြောင့် စိတ်မကြည်လာတဲ့ Daniel က အသေးလုံးလေးကို မြင်ရရုံနဲ့အကုန်ပြေပျောက်သည်။ အိမ်ပြန်လာလို့ အသေးလုံးလေး ဖွယ်ဖွယ်ရာရာချက်ထားပေးတဲ့ ဟင်းလျာတွေက Daniel ရဲ့ အချစ်တွေကို အသေးလုံးလေးအပေါ် ပိုလို့ပင်တိုးစေသေးသည်။

" ကဲ ပြောဦး . အလုပ်ကနေ ဘာတြွေဖစ်လာတာလဲ ကလေးလေး ... လိမ်မယ်မကြံနဲ့နော် ... တစ်ခါမှ ဒီလောက်ကြီး ဒေါသတကြီးပုံစံနဲ့ ပြန်လာတာကို ကိုကိုမတွေ့ဖူးသေးဘူး "

လက်ထပ်ပြီးကတည်းက ညနေတိုင်း ဖြတ်သန်းနေကြအချိန်ဖြစ်တဲ့ ညစာစားခြင်းအမှုမှာ အသေးလုံးလေးက Daniel ရဲ့ ပန်းကန်ထဲ ဟင်းတွေခပ်ထည့်ပေးရင်း ခပ်တည်တည်နဲ့ မေးလာသည်။ Daniel လည်း ကိုင်ထားလက်စ ခက်ရင်းလေးကို ပန်းကန်ထဲပြန်ထိုးထည့်ထားလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ အသေးလုံးလေးကိုကြည့်သည်။

" ကိုယ်တို့လက်ထပ်ပြီးကာစတုန်းက ဖိုးဖိုးတို့ပြောပြတဲ့ Max ကို မှတ်မိလား baby ~ "

" အင်း မှတ်မိတယ်လေ Dany ... ဘာဖြစ်တာလဲ ကလေးလေး . ခုက သူနဲ့ ပြဿနာဖြစ်လာတယ်လို့တော့ မပြောနဲ့နော် Daniel "

" သူနဲ့ ပြဿနာဖြစ်လာတာ baby . အင်း ... အကြောင်းအရင်းကတော့ ပြဿနာဖြစ်လောက်တဲ့အထိမလို့ပါ . ကိုယ်စိတ်မထိန်းနိုင်တာနဲ့ ရုံးခန်းထဲမှာ ဆွဲထိုးပြီးထားခဲ့တာ "

" ဟင် ရုံးခန်းထဲ ... ဘယ်လိုက ဘယ်လို "

ရင်ဘတ်လေးကိုဖိလို့ အံ့သြနေပုံရတဲ့ အသေးလုံးလေးကို ကြည့်ရင်း Daniel ပြုံးလိုက်သည်။ တကယ်လည်း အသေးလုံးလေး အံ့သြမယ်ဆို အံ့သြချင်စရာကောင်းပါသည်။ အစကတည်းက Max က Daniel နဲ့ ပြဿနာဖြစ်ထားပြီး Daniel ကြောင့် ထိခိုက်ထားဖူးတာမလို့ ရုံးခန်းထဲမှာ ပြဿနာဖြစ်လာတယ်ဆိုတာ အံ့သြမယ်ဆို အံ့သြလောက်တဲ့ အနေအထားဖြစ်သည်။

" Travel & Tour အတွက် project မှာ ရှယ်ယာဝင်မယ့်သူက Max ဖြစ်နေတယ် baby "

" ဟမ် . သူဖြစ်နေလို့ ပြဿနာထဖြစ်တဲ့ အထိလား . ဆိုးလိုက်တာ ကလေးလေးရဲ့ ... အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားရမယ်လေ . အမြဲဒီလိုလုပ်လို့မှမရတာ "

Love Me Like The Way [Completed]Where stories live. Discover now