Part 13

16.8K 2K 80
                                    

[Zawgyi]

" ဆရာလေးတို့အိတ်တွေ ကျုပ်တို့ကိုပေးထား ... အရှေ့နားကျရင် ကျောက်စိုင်ကြားထဲကနေ ကပ်ကပ်သပ်သပ်ဖြတ်ရမှာ ... ကျုပ်တို့က ဖြတ်သွားနေကျမလို့ ကိစ္စမရှိပေမယ့် ဆရာလေးတို့အတွက်တော့ အိတ်တွေနဲ့ သွားဖို့ခက်မယ် "

ချောင်းလေးကိုဖြတ်ပြီးသည်နှင့် ထပ်ပြီးဖြတ်သွားရမည့် ကျောက်စိုင်ကြားကို လက်ညှိုးထိုးပြကာ စစ်မင်းနှင့် Daniel လွယ်ထားသည့် အိတ်တွေပေးဖို့ ကိုစိုင်းမိုးက ပြောလာသည်။

စစ်မင်းလှမ်းကြည့်လိုက်တော့ သွားရမည့်ကျာက်စိုင်ကြားမှာရှိသည့်အပေါက်က လူတစ်ကိုယ်စာ ဝင်ရဖို့အနိုင်နိုင်ဖြစ်သည်။ အတွေ့အကြုံမရှိသည့်သူတြွေဖစ်တာကြောင့် စစ်မင်းလည်း ဘာမှပြောမနေတော့ပဲ လွယ်ထားသည့်လွယ်အိတ်ကိုချွတ်ပြီး ကိုစိုင်းမိုးကိုလှမ်းပေးလိုက်သည်။

" လွယ်အိတ်ပေးလိုက်လေ Daniel ~ "

" အဆင်ပြေပါ့မလား baby ... တခြားမဟုတ်ပါဘူး ... ကိုယ့်အိတ်က ရေဘူးတွေပါလာတယ်လေ ... သယ်ရတာလေးနေမှာဆိုတော့ အားနာလို့ပါ "

" ကျုပ်တို့က ဒီလောက်နဲ့ဘာမှမဖြစ်ဘူး ... မဟုတ်တောင် ထင်းသယ်ဘာသယ်နဲ့ သွားနေတာပဲ ... အားမနာနဲ့ ပေးပေး ကျုပ်သယ်ပေးမယ် "

" ဟုတ် အဲ့တာဆို အားနာနာနဲ့ပဲ ကျေးဇူးတင်ပါတယ် ~ "

ကိုစိုင်းခမ်းကပါ ပြောလာသည်မလို့ Daniel လည်း ဆက်မပြောတော့ပဲ လွယ်အိတ်ကို လွယ်ထားရာမှချွတ်ကာ ကိုစိုင်းခမ်းလက်ထဲ ထည့်ပေးလိုက်သည်။ Daniel နဲ့ စစ်မင်းပေးလိုက်တဲ့ လွယ်အိတ်တွေကို ကိုစိုင်းမိုးနဲ့ ကိုစိုင်းခမ်းက ကိုယ်စီလွယ်ပြီး ရှေ့ကိုခရီးဆက်ကြသည်။

အချိန်တစ်ခုလောက် လမ်းလျှောက်ပြီးချိန် ကိုစိုင်းမိုးတို့ပြောသည့် ကျောက်စိုင်ကြားလမ်းကို ရောက်လာသည်။ အဝေးကနေလှမ်းမြင်လိုက်ရတာထက် လမ်းလေးကကျဉ်းနေသည်။ တံခါးဝကိုဖြတ်သလို ဟိုဘက်ဒီဘက်ဖြတ်တာမျိုးမဟုတ်ပဲ အောက်ဖက်ကနေ ထိုကျောက်စိုင်ကြားကိုဖြတ်ပြီး အပေါ်ဘက်ကို တက်ရမည့်ပုံစံဖြစ်သည်။ ကိုစိုင်းမိုးက ကျောက်စိုင်ကြားကို ရှေ့ကနေဦးဆုံးဝင်ပြီး အပေါ်ဘက်ကို ကျွမ်းကျွမ်းကျင်ကျင်တက်သွားသည်။

Love Me Like The Way [Completed]Where stories live. Discover now