Part 1

14.7K 528 11
                                    

Beta ယောင်ဆောင်သော မြို့အုပ်ကတော်
Part 1
_________
1975ခုနှစ်ဖြစ်သည် ကြီးကျယ်ခမ်းနားသော ဘုရားကျောင်း၀န်း
ထဲမှာ ပန်းမိုးတွေက ရွာချနေတာပါလား အပြင်မှာကတော့သာယာ
နေသလောက်တော့ ကောင်လေးတစ်ယောက်ရဲ့စိတ်ထဲမှာ၀န်လေး
နေမိသည် ။

ရှောင်အိမ်တော် နဲ့ ၀မ်အိမ်တော်ကသေတာတောင်မတည့်ပင်
မြို့အုပ်နေရာကိုပြိုင်လုနေကြတာ တစ်အုပ်စုကို တစ်ခါစီ ရှောင်မျိုးရိုးဘက်က မိန်းကလေးတွေချည်းပဲ မျိုးဆက်နှစ်ဆက်
မွေးခဲ့တော့ သူတို့အနေနဲ့မြို့အုပ်နေရာရဖို့ဆိုတာမရှိပေ ဒါကြောင့်
၀မ်မျိုးရိုးက မျိုးရိုးနှစ်ဆက်စီမြို့အုပ်နေရာကိုရခဲ့သည် ရှောင်မျိုးရိုးမှာလဲ မျက်နှာမထွက်ပြလောက်ရဲအထိရှက်ကာ
စီးပွားရေးတွေလဲကျဆင်းခဲ့သည် ဆိုပါလေတော့။

အခုမှာတော့ သူ့ကိုမွေးခဲ့တော့ ရန်ပွဲပြန်စပြီဆိုပြီး လူအများထင်မြင်
ကြပေမဲ့လည်း ရှောင်မျိုးရိုးရဲ့ ဖိုးဖိုးကငြိမ်းချမ်းရေးယူမယ်
ဆိုကာ အခုလိုလက်ထပ်ပေးခြင်းပင် အမှန်တော့ ချမ်းသာချင်လို့ပါ မြို့အုပ်မဖြစ်လည်း မြို့အုပ်ကတော်ဖြစ်သေးတာပဲဆိုတဲ့စကားက ငြိမ်းချမ်းရေးဆိုတဲ့ နောက်ကွယ်မှာရှိသေးတယ် အခုအခါကလည်း ၀မ်မျိုးရိုး
ဘက်ကနေပဲ မြို့အုပ်နေရာကိုရသွားလေပြီ  တစ်ခုတော့ရှိသေးတာကသူကOmega ။

အဲ့ပြဿနာကလည်းရှိသေးတယ် မြို့အုပ်ဆိုတာကalphaဖြစ်မှ
ရတာ ဒီလိုလက်ထပ်တာကလည်းသူ့ရဲ့ဆန္ဒမပါပေ မြို့အုပ်နဲ့
လက်ထပ်ရမယ်ဆိုတာကြားတော့ Betaဖြစ်တဲ့အစ်ကို၀မ်းကွဲကထွက်ပြေးသွားလို့သူ့မှာ နေရာအစား၀င်ရသည် ။

အရှေ့ကမြို့အုပ်၀မ်ကလည်း Omega ကိုလက်မထပ်ချင်ပါဘူး
ဆိုပြီးကြေညာချက်တစ်ခုထုတ်ထားတယ် Omegaတွေရဲ့ဟော်မုန်း
အနံ့ကိုမခံနိုင်လို့တဲ့လေ ဒီကဒီကြားထဲကသူကကလေးယူချင်မယ်
လို့လဲမထင်မိပါ။
ဘယ်လိုလုပ်ရမလဲကိုမသိပါ
ထို့ကြောင့် ဖိုးဖိုးရဲ့ဆန္ဒကိုဖြည့်စည်းဖို့အတွက်ပဲ ခဏတာလောက်တော့ ဒုက္ခခံရပေဦးမည် ။

ဆိုတော့ ဒီနေ့လက်ထပ်ပွဲကနေစကာBetaအဖြစ်အယောင်ဆောင်
ရပေဦးမည် ဖိုးဖိုးကပြောတယ် မျိုးနွယ်စုကိုကယ်တင်နိုင်တာဆို
သူပဲရှိတော့တာတဲ့ အဲ့တော့ အောင့်အီးပြီးပေါင်းလိုက်တဲ့လေ
သူomegaမှန်းသိသိရက်နဲ့တောင်မှ မြို့အုပ်နဲ့ပေးစားပြီး ချမ်းသာ
မူ့ကိုဆက်လို‌ချင်နေတာပါပေ heatဖြစ်ရင်သူအကုန်စီစဉ်ပေးမယ်
ဆိုပြီးကတိပေးထားတယ် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now