Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 45
-------------
ည၉နာရီတိတိထိုးနေလေပြီ ရှောင်ကျန့်ကစော်အောကို
ထိန်းပါရဲ့ ပေါင်ပေါ်မှာတင်လို့ Tvကိုပဲကြည့်နေလေသည်
ဒီနေ့မှအပိုင်းသစ်စလာတာကို ရှောင်ကျန့်ကစွဲမြဲအောင်
ကြည့်သည် အခုကညအိပ်ချိန်ရောက်နေလေပြီ ဒီလောက်ထိ
မကြည့်သင့်ဘူးမဟုတ်လား။"အချစ် အိပ်မယ်လေ"
"အင်း....သွားအိပ်လေ စော်အောကိုပါခေါ်သွား "
"မဟုတ်ဘူးလေ အချစ်ရောမအိပ်ဘူးလားလို့"
"အိပ်မှာပါ မောင်ရဲ့ခဏလေးTvကြည့်နေတယ်"
"ဘာဇာတ်ကားမို့လို့လဲ"
"ကျန့်ကျန့်ကြိုက်တဲ့ ၀တ္ထုကိုဇာတ်ကားပြန်ရိုက်ထားတာ
ဟိုရုံးပတေသီးချွဲသံနဲ့ ဟိုတစ်ယောက်မပါလို့ကြည့်တာ
ပိုကောင်းသွားတယ်""....."
"ကိုယ့်လင်ကိုယ်မြှူလေကွာ...တုံးလိုက်တာ..."
ဇာတ်ကားကိုအားမလိုအားမရဖြစ်နေသောရှောင်ကျန့်ပါပေ
မြို့အုပ်၀မ်ကစော်အောကိုအသာလေးချီလို့ အပေါ်ထပ်တက်
သွားလေပြီ နာရီဝက်လောက်နေမှ ရှောင်ကျန့်ကပွစိပွစိနဲ့အပေါ်တက်လာတယ်။"ပြီးသွားပြီလား ဇာတ်ကားက"
"မဟုတ်ဘူး...လိုင်းပြတ်သွားလို့...ဟင်း..."
"၀တ္ထုဖတ်ပြီးသွားပြီလေ အချစ်ရယ်...ဇာတ်ကားမကြည့်နဲ့တော့ပေါ့"
"မရဘူး ကြည့်မှာ မနက်ဖြန်ထပ်လာဦးမှာ"
"...."
"၀တ္ထုနဲ့ဇာတ်ကားနဲ့ကမတူဘူးမောင်ရဲ့ အဲ့ထဲကမယားငယ်မ
ကလေ အရမ်းကိုအမြင်ကတ်ဖို့ကောင်းတာပဲ ဟိုမယားကြီးက ကိုယ့်ယောကျာ်းကိုယ်မမြှူစွယ်ဘူး ပုံသေကြီးနေတယ် ဟင်း...""...."
"မောင်...မောင့်ကိုအဲ့၀တ္ထုပြောပြမယ်လေနားထောင်မယ်မှတ်လား..."
"ကိုယ်..."
"နားထောင်လိုက်ပါ ကျန့်ကျန့်ပြောချင်လို့"
"...."
"အစမှာလေကွာ...မင်းသားကလေ မယားငယ်နဲ့ရည်းစား
သိလား သူတို့ကပြတ်သွားပြီးတော့ မင်းသားကမယားကြီး
ကိုယူလိုက်တာ ....မောင်ရယ် ကျန့်ကျန့်ပြောချင်တာကလေ
ကိုယ်ဖောက်ပြန်မယ်ဆိုရင် ဘာလို့ယူသေးလဲ ဟုတ်တယ်မှတ်လား..."
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်