Part 16

4.4K 332 3
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 16
-------------
မြို့အုပ်၀မ်က မြို့အုပ်ရုံးမှာရှိသောအချိန် နေ့လည်လောက်ဖြစ်မည်
လုပ်သား၄ယောက်လောက်က စန္ဒယားတစ်ခုကိုမကာ ဧည့်ခန်းထဲလာချသွားသည် အိမ်တော်ထိန်းကြီးကတော့ထွက်မေးပေမဲ့လည်း ဘာမှမဖြေတဲ့
သူတို့၄ယောက်ကြောင့် ရင်မောရပါတယ်။

"ရှောင်ကျန့်...ရှောင်ကျန့်ရော..."

"အပေါ်ထပ်မှာရှိပါတယ် ရှောင်းသခင်မ..."

"သွားခေါ်ဦး..."

"ဟုတ်ကဲ့"

တစ်ခါမှတောင်လာမလည်ဘူးသော မြို့အုပ်၀မ် ရဲ့ ယောက္ခမအရင်း
ကြီးကဒီနေ့မှထူးထူးခြားခြားရောက်လာလေပြီ မင်းကတော်ကိုပဲ
သူခိုင်းသလိုသွားခေါ်လိုက်ရတော့သည် မင်းကတော်ကတော့
အပေါ်ထပ်ကနေကြည့်နေသလားတော့မသိ ခုန်ပျံကျော်လွှား
ပြီးဆင်းလာတာ ကလေးတစ်ယောက်လိုပါပင်။

"မားမား...."

ရှောင်ကျန့်က သူ့မားကိုတွေ့တာနဲ့တင် ပြေးဖက်သည် အော်...ခွဲခွာ
ရတဲ့သားအမိဆိုတာဒီလိုပါလား။

"ဘဘရေ... မုန့်လေးချပါဦးနော်"

"ဟုတ်ကဲ့ မင်းကတော်"

"မားမား...ဘာလာလုပ်တာလဲဟင်"

"အော်...မင်းအစ်ကိုရဲ့မိန်းမကလေးမွေးတော့မယ်လေ အဲ့တာကြောင့် ကလေးမွေးလာရင် ကလေးပစ္စည်းတွေပဲရူပ်နေ
မှာ ဒီတော့မင်းရဲ့စန္ဒယားကြီးကိုလာထားတာလေ မင်းယောကျာ်း
စိတ်မခုဘူးမှတ်လား"

"ဒါပေါ့...မားမားရဲ့သူစိတ်မခုလောက်ပါဘူး..."

"သေချာရဲ့လား"

"ဒါပေ့ါ ကျန့်ကျန့် ယောကျာ်းက ကျန့်ကျန့်တစ်ခွန်းဆိုတစ်ခွန်းပဲ"

"ဟုတ်ပါပြီလေ...."

ရှောင်ကျန့် သက်ပြင်းသဲ့သဲ့လေးချလိုက်ရပါတယ် မြို့အုပ်၀မ်ကြိုက်ပါ့မလား မကြိုက်ရင်လည်းဒီဟာလေးကို ဂိုထောင်ထဲမှာထားမှရတော့မှာပေါ့လေ ။

"ဒါနဲ့ ကျန်းစစ်ပြန်လာပြီနော်"

"ဟုတ်တယ် မားမားရဲ့မနေ့ညကပဲလာသွားတယ်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now