Part 32

4.8K 324 25
                                    

Betaယောက်ဆောင်သော မြို့အုပ်ကတော်
Part 32
------------
၀မ်ချင်းယူအိမ်မှာ မွေးနေ့ပွဲရှိတာမို့လို့ မျိုးရိုးတစ်ခုလုံးကိုဖိတ်
ကြားထားသည် အဲ့တာလေးက သူတို့သမီးလေးရဲ့ရက်၁၀၀ပြည့်
မွေးနေ့နဲ့ နာမည်ကင်ပွန်းတတ်ပွဲတဲ့လေ ။

ကလေးကိုလူတိုင်းချစ်ကြပါရဲ့ ယောက္ခမကတော့ ဟန်ဆောင်
အပြုံးပြုံးထားရရှာတယ် မျိုးရိုးကိုဆက်ခံဖို့အတွက် သားယောကျာ်း
လေးပထမဆုံးမွေးမှဖြစ်မှာကို အဲ့တာမှလာမဲ့နှစ်တွေမှာ
မြို့အုပ်၀မ်အနားယူရင် သူတို့ကလေးကမြို့အုပ်ဖြစ်လာမှာပဲ
ယခုတော့ မိန်းကလေးဖြစ်နေတာကြောင့် မမျှော်လင့်ရဲပေ။

"ပေးချီပါလား...ခယ်မလေး"

"ရတာပေါ့ မြို့အုပ်မင်း"

မြို့အုပ်၀မ်က ကလေးကိုချီလို့ မြူနေသည် ရှောင်ကျန့်က လက်ဆောင်ထားရင်းနဲ့ကြည့်နေပြီး ပြုံးလိုက်တယ် မောင်ကကလေးချစ်တတ်သားပဲ။

"သမီးလေးရေ...ချစ်စရာလေးကွာ...မွှ"

မြို့အုပ်၀မ်က ကလေးရဲ့နဖူးလေးကိုနမ်းလို့ ချီထားရာကနေ
မချ ရှောင်ကျန့်ကြည့်ပြီးအပြုံးတွေကွယ်ပျောက်လို့ မျက်ခုံး
တွေစုံကျုံ့လာတယ်။

"အချစ်ရေ...ကြည့်ပါဦး..သမီးလေးကချစ်စရာလေးနော်"

"အင်း..."

"ကိုယ့်ကိုဒီလိုလေးမွေးပေးမယ်မဟုတ်လားဟင်"

ရှောင်ကျန့်က မျက်စောင်းထိုးလို့တစ်ဖက်ကိုလှည့်သွားတယ်
မြို့အုပ်၀မ်က ကလေးကိုနမ်းလိုက် စလိုက် ပါလေရာခေါ်သွား
လိုက်နဲ့ ရှောင်ကျန့်လိုက်ကြည့်နေသည်။

"မြို့အုပ်မင်း...သူကိတ်မုန့်ခွဲဖို့ခေါ်သွားပါတော့မယ်"

"အင်း...တူမလေးကချစ်ဖို့ကောင်းတယ်..."

"ဟုတ်ကဲ့...သမီးလေးရေ ကြားလား...လေးလေးမြို့အုပ်က သမီးကို
ချစ်စရာလေးတဲ့"

ကလေးလေးကရီပြလို့ မြို့အုပ်၀မ်ကနောက်ဆုံးအကြိမ်နမ်းလို့ ကလေးအမေစီပြန်လွှဲ
ပေးလိုက်သည် ပြီးတာနဲ့ရှောင်ကျန့်ဘေးနားလာထိုင်တယ်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now