Part 21

4.4K 328 10
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 21
-------------
၀မ်မျိုးရိုးဘက်ကမိသားစုတွေ့ဆုံပွဲလုပ်တော့ ရှောင်မျိုးရိုးဘက်က
လည်းအားကျမခံလိုက်လုပ်သည် ဒီအတိုင်းနှစ်တိုင်းပြိုင်ဆိုင်
လာခဲ့တာပဲကို ဒါကြောင့်ပဲ ဒီနေ့ညလည်းပွဲတက်ရဦးမည်ပင်
လောဆယ်သူတို့နှစ်ယောက်လုံးကရှောင်အိမ်တော်ရဲ့အရှေ့
ရောက်နေလေပြီ မြို့အုပ်၀မ်ရဲ့ နက်ခ်တိုင်ကရွဲ့စောင်းနေသလို
ကြီးရှောင်ကျန့်မြင်နေတာကြောင့် နက်ခ်တိုင်ကိုဖြည်လိုက်သည်။

"မြို့အုပ်ဝမ်....ဟိုရောက်ရင်လေ ပါးပါးကဘာပဲလာပြောပြော
ဘုကလန့်လိုက်မ‌ပြောပါနဲ့နော်"

"ဘာကြောင့်လဲ"

ရှောင်ကျန့်ကနက်ခ်တိုင်ကိုတပ်ပေးကာ ပုခုံးနှစ်ဖက်လုံးကို
လက်နဲ့အသာလေးခါပေးလိုက်သည်။

"ကျန့်ကျန့်ယောကျာ်းက အရမ်းလိမ္မာပါတယ်ဆိုပြီးပြချင်လို့ပေါ့ဗျ"

ရှောင်ကျန့်ကပြုံးပြလို့သူ့လက်ကိုပဲကိုင်ထားကာ ရှောင်အိမ်တော်
ထဲခြေလှမ်းလှမ်းလိုက်သည် ရှောင်မျိုးရိုးဘက်က လွတ်လပ်တာကြောင့် ရိုးရာ၀တ်စုံတွေဘာညာမလိုဘူး ၀မ်မျိုးရိုး
ထက်သာချင်လို့ခေတ်ဆန်တဲ့ အတိုင်းပဲ‌၀တ်တယ် ။

အထဲမှာတော့လူကြီးတွေကအလယ်ဘက်ကထိုင်ခုံတွေမှာထိုင်ပြီး
ကလေးတွေတစ်သိုက်က ဟိုးဘက်ခပ်လှမ်းလှမ်းမှာထိုင်နေကြတယ် ကလေးတွေလည်းများ
ရှာသား ၁၅ယောက်လောက်အနည်းဆုံးရှိမည်ထင်သည်။

"ကလေးတွေကိုလည်း အပြစ်မမြင်နဲ့နော် မြို့အုပ်၀မ်"

"အင်း"

"ရိုက်ချင်ရင် ရိုက်ချလိုက် ကျန့်ကျန့်အားပေးတယ်"

"...."

"ပြန်လာပါပြီ!!"

"ရေး!!!ဒေါ်လေး...ဦးဦး!"

ကလေးတွေကယခုမှ၀င်လာသော လင်မယားနှစ်ယောက်စီအုပ်လိုက်ကြီးပြေးသွားကြသည် ထိုထဲမှာ
မကြီးမငယ်ရှောင်ကျန့်ကရှေ့ဆုံးက ။

"ကျန့်ကျန့်အတွက်လက်ဆောင်ပါလား...လက်ဆောင်ပါလား"

"ပါတယ် ပါတယ် အကုန်လုံးအတွက်ပါတယ် ထိုင်ပါရစေဦးဟယ်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now