Part 31

4.6K 329 9
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 31
____________
ဖြစ်ကြောင်းကုန်စင်ကိုညနေကျမှသိသော မြို့အုပ်အိမ်တော်က
အစေခံအုပ်စုကလည်း ပွတ်လောညံနေကြသည် ။

"ဟယ် အဲ့တာဆိုကလေးရတော့မှာပေါ့"
"ဘယ်ကသာ ဟိုဟာတောင်မလုပ်ရသေးဘူးကို"
"ကလေးလေးရရင် ငါထိန်းမှာနော်"
"ဆုတောင်း‌လေ ငါထိန်းမှာ"

ကလေးတောင်မရသေးဘူး အခုထဲကသူထိန်းမယ် ငါထိန်းမယ်
နဲ့ လူပျို အပျို တွေကခန့်ခွဲနေကြပြီ ။
(လူပျို အပျိုတွေဆိုတာကအဲ့မှာအလုပ်လုပ်တဲ့ အစေခံတွေရဲ့သားသမီးတွေကိုပြောတာပါ)

*တီ...တီ*

"ဟော ပြန်လာကြပြီ"

သူတို့ပြန်လာပြီလို့ထင်ပေမဲ့ တကယ်လာတဲ့သူတွေကတော့
ယွီမြို့အုပ်တို့တစ်သိုက်ပင် ။

"ယွီမြို့အုပ် ဘာကိစ္စများရှိလို့လဲ"

"မနက်စောစောပြန်ရတော့မှာမို့လို့ အဲ့တာအခုထဲကနေရိပေါ်ကို
လာနူတ်ဆက်တာ သူရော"

"ရှောင်မျိုးရိုးက သခင်ကြီးမွေးနေ့ဆိုလို့သွားပါတယ်"

*တီ...တီ*

"အခု‌ပြန်လာပြီထင်တယ်"

ရှောင်ကျန့်တက်လာတော့ လက်ထဲမှာ ပူဖောင်းတွေကပါလာသည်
ပိုလျှံတဲ့ ကိတ်မုန့်ဘူးကြီးကတစ်ဖက်ပိုက်လို့ပေါ့ ။

"ဟာ...ယွီမြို့အုပ်ကြီး"

"မင်းကတော်...ရိပေါ်ရော"

"အံမယ်...ကလေးကလားလည်းမဟုတ်ပဲနဲ့ ပူ‌ဖောင်းတွေကိုင်လို့
ဘယ်အိမ်ကကလေးလဲ"

"ဟွန်း...ဘာဖြစ်လဲ ကျန့်ကျန့်ကကလေးလေးဆိုတော့ မောင့်တစ်ယောက်ထဲရဲ့ကလေးလေးဖြစ်မှာ"

"...."

စစ်ယမ်ကအမြဲတမ်းစနေလို့ ရှောင်ကျန့်စိတ်မဆိုးတော့ပါချေ
သူ့ကိုသာမခံချင်အောင်ပြန်လုပ်လိုက် အဲ့တာ‌ဆိုရပြီ။

"မင်းကတော်ကိုတော့လွမ်းနေရတော့မှာပဲ မနက်စောစောပြန်တော့မှာ"

"ဟုတ်လား...နေသေးတာမဟုတ်ဘူး ကျန့်ကျန့်အောင်သွယ်လို့
ပြီးတာမှမဟုတ်တာ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now