Part 30

4.5K 340 14
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 30
-----------
ကျင်းရန်ကအပြာရောင်ဆေးတောင့်လေးကိုကိုင်လို့သက်ပြင်းအခါ
ခါချနေမိသည် မြို့အုပ်၀မ်ကိုမပြောရင်ကောင်းမယ်....မပြောရင်လည်းမကောင်း
ပြန်ဘူးဒါကOmegaတွေအတွက်အနံ့ပျောက်ဆေး ဆိုတာ
မှန်ပေမဲ့လည်း ထုတ်လုပ်မူ့ကမှတ်ပုံတင်ထားတာမဟုတ်ပဲမှောင်ခို
ဈေးကွက်ကဆိုတော့ ဆိုးကျိုးတွေက ကလေးမရစေနိုင်ဘူး ။

"ကောကော ဘာဖြစ်လို့လဲ"

"ကျန်းစစ်...ငါဘယ်လိုလုပ်ရမလဲ"

"ဘာကိုလဲ"

"မင်းကတော်ကOmegaတစ်ယောက်လေ အဲ့တာကို မင်းလည်း
သိတယ်မဟုတ်လား"

"အင်းလေ မြို့အုပ်၀မ်ကမသိဘူးလား ကိုယ်ကသိတယ်ထင်နေတာ
အမှတ်အသားပေးထားတယ်မဟုတ်လား"

"ဟင့်အင်း...ငါလည်းအခုမှသိတာ"

"...."

"ဘာလို့ မင်းကတော်ကလိမ်ရတာလဲ"

"ကိုယ်လည်းမသိဘူး...ဒါပေမဲ့သေချာတာကတော့ ရှောင်ကျန့်က
ဘယ်သောခါမှမလိမ်တတ်ဘူး ဒါကတော့သူတစ်ခုခုဖိအားပေးခံ
နေရတာဖြစ်မယ်"

"အင်း....မြို့အုပ်မင်းကိုပြောပြသင့်လား"

"...."

"မပြောဘူးဆိုရင်လည်း...မင်းကတော်ကကိုယ်တိုင်ပြောပြတဲ့အချိန်
ကျရင် ကလေးရဖို့နှောင်းသွားလိုက်မယ် အခုပြောရင်လည်း အခြေအနေတွေရူပ်ကုန်မယ်...ဘယ်လိုလုပ်ရမလဲ"

"ဘာမှမဖြစ်‌ပါဘူး...မြို့အုပ်၀မ်က ရှောင်ကျန့်ကိုအသေချစ်တာ
ပဲကို ခွင့်လွှတ်မှာပါ..."

"မင်းပြောသလိုဖြစ်လာပါစေလို့မျှော်လင့်တယ်"

"အင်း..."

ကျင်းရန်ရင်လေးစွာနဲ့ပဲ အဖြစ်အပျက်အတိုဆုံးနည်းလမ်းကို
ရွေးလိုက်တယ် ဒါမှကလေးရမယ်လေ တော်ကြာနေရေရှည်ကြာရင်
ကလေးမရတော့ပဲနဲ့ဖြစ်ဦးမယ် ။

မြို့အုပ်ရုံးခန်းရဲ့ရှေ့မှာတံခါးခေါက်ဖို့အတွက်ရောက်နေလေပြီ
အရင်ချိန်တွေလိုမျိုး တက်ကြွစွာနဲ့မရှိတော့ပါ လက်ထဲကစာရွက်
ကိုကိုင်လို့ ခဏတာမျှစဉ်းစားလိုက်သည် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now