Part 22

4.4K 366 17
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 22
--------------
ပင်လယ်လေရဲ့အေးမြမူ့နှင့်တိုက်ခတ်လာတဲ့လေကကျောရိုးထဲ
စိမ့်ခနဲ၀င်သွားရသည် ။

"ဟာ....ဘာလဲဟာ ပြောတော့ရာသီဥတုကောင်းတယ်ဆိုပြီးတော့"

ရှောင်ကျန့်က စူပုတ်ပုတ်နဲ့အခန်း၀ရန်တာမှာရပ်နေကာ ပင်လယ်
ဘက်ကိုမျက်နှာမူနေသည် နောက်ထပ်တစ်ချက်တိုက်ခတ်လာတဲ့
လေကြောင့် တုန်တက်သွားပြီး အခန်းထဲမြန်မြန်၀င်ကာ တံခါးပိတ်
လိုက်သည် ။

"မြို့အုပ်၀မ်....ကျန့်ကျန့်တို့ဒီမှာဘယ်လောက်ကြာတဲ့အထိနေမှာလဲဟင်"

"သန်ဘက်ခါလောက်ပြန်ကြတာပေါ့"

"ဒါနဲ့ ဒီကိုဘာလာလုပ်တာလဲဟင်...မြို့အုပ်၀မ်ကလိုက်ခဲ့ဆိုလိုသာ
လိုက်ခဲ့ရတာ"

"မသိသေးဘူးလား"

"ဘာကိုလဲ"

"ဒါကိုယ်တို့ရဲ့...ဟန်းနီးမွန်း ပဲလေ"

"ဗျာ..."

ရှောင်ကျန့်ကြောင်အစွာနဲ့မြို့အုပ်၀မ်ကိုကြည့်လိုက်သည် ဟန်းနီးမွန်းတဲ့လား...ဒါကြီးကလေ...ပင်လယ်ကမ်းခြေမို့ရေလည်း
မကူးရ ဖိန့်ဖိန့်တုန်အောင်ချမ်းရတဲ့ရာသီဥတုမှာသူက ဟန်းနီးမွန်း
ထွက်တာတဲ့လေ...။

"အဟမ်း...အဟမ်း...ဘယ်လိုလဲသဘောကျလား"

"အင်...အင်း..အင်း ကျပါတယ်"

ရှောင်ကျန့်ကစိတ်မပါလက်မပါနဲ့ပြုံးပြကာ ခေါင်းငြိမ့်ပြသည်
မြို့အုပ်၀မ်ကသဘောကျသွားတဲ့အတိုင်းပဲ အိတ်တွေကိုဖွင့်ကာ
ထည့်ထားတဲ့ငှားမျှားတံတွေကိုထုတ်လိုက်သည်။

"ဘာ...ဘာလုပ်မလို့လဲဟင်"

"ငါးမျှားမလို့"

"ဟာ...မြို့အုပ်၀မ်ကလည်း...ဒီလောက်အေးနေတာကို..."

"ပင်လယ်ဘက်လာပြီးဒီလိုမျိုးလုပ်ရမှာပေါ့..."

"အဲ့...အဲ့တာဆိုလည်းသွားပါ"

"အင်း...."

ရှောင်ကျန့်လွှတ်ပေးကာ မြို့အုပ်၀မ်ကိုအနောက်ကနေကြည့်နေရုံ
နဲ့ပဲတက်နိုင်ခဲ့ပါတယ် ဘာပဲဖြစ်ဖြစ်မြို့အုပ်၀မ်သွားပြီဆိုတော့လည်း
ရှောင်ကျန့်ခုတင်ပေါ်လှဲကာ ဟိုဘက်ဒီဘက်လှိမ့်လိုက်သည် စိတ်ထဲ
မှာတော့ရာသီဥတုသာယာပါတယ်ဆိုပြီး လိမ်လိုက်သောဒေါ်လေး
တို့လင်မယားကိုမကျေနပ်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now