Part 46

2.5K 165 4
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 46
-------------
‌ယနေ့လေးကမြို့အုပ်၀မ်မွေးနေ့ပင် ဧည့်ခန်းမမှာဧည့်သည်
တွေနဲ့ဆွေမျိုးတွေဖိတ်ပြီးတော့ ပျော်ပါးကြတာ နှစ်စဉ်နှစ်တိုင်းပင် ။

"မောင် အရက်မသောက်ရဘူးနော်"

ပူနေတဲ့ဗိုက်လေးကို ရှေ့ပစ်လို့ ရှောင်ကျန့်ကပြောလာသည်
၅လဗိုက်လေးနဲ့ ကိတ်မုန့်ကို ကိုင်လို့ ပြော‌နေသောပုံလေးက
ချစ်ဖို့ကောင်းဖွယ်အတိ။

မောင့်ရဲ့သူငယ်ချင်းတွေကတော့ ဝိုင်တွေရော အရက်တွေ
ပါယူလာပြီး ဒီမှာလာသောက်ကြတယ် ရှောင်ကျန့်ကြည့်နေသည် မောင်လဲသောက်ချင်မလားလို့ သူစဉ်းစားကြည့်
တယ် မောင့်ကိုတားလွန်းလို့ပိုလုပ်ရင် ဘယ်လိုလုပ်မလဲ။

"ဝေး....၀မ်ရိပေါ်ကြီး ရော့ချကွာ...တစ်ကျိုက်ထဲ"

စစ်ယမ်ကလာကာ အရက်တစ်ခွက်လာပေးသည် မောင်က
ငြင်းတော့လက်ထဲမရရအောင်လို့အတင်းထိုးပေးသည်။

"ဘာလဲကွာ...သောက်စမ်းပါ.."

"တော်ပြီ...မသောက်တော့ဘူး သောက်တာအရမ်းများနေလို့"

"ဘာလဲ မင်းယောကျာ်းကပြောပြန်ပြီလား...အဲ့တာကြောင့်မို့လို့ကွာ ငါလည်းအိမ်ထောင်မပြုတာ"

"...."

"သူတို့လာပြီဆိုရင်လေ အမြဲတမ်းလိုလို ဟိုဟာမလုပ်နဲ့
ဒါမလုပ်နဲ့ပဲ နားတွေပါငြီးတယ်"

စစ်ယမ်က မူးနေတာမို့လို့ ရှောင်ကျန့်ကိုတောင်သတိမထား
မိ ရှောင်ကျန့်ကလက်ပိုက်လို့သူ့ကိုကြည့်နေတာ ဒါကိုသူက
မသိချေ။

"ဟျောင့်...တော်တော့ အော်ကြီးဟစ်ကျယ်နဲ့"

ယွီမြို့အုပ်တို့ပါလာထိန်းရသည် အမတ်တွေလည်းရှိနေတဲ့
ပွဲမှာ သူတစ်ယောက်ထဲပဲမူးနေတာ။

"မင်းကတော်ရှိတယ် လာ..."

"ဟင်...ဟုတ်လား ဘယ်မှာလဲ..."

"မင်းရှေ့မှာ..."

"အာ...မင်းကတော် ကျွန်တော်မမြင်မိလို့ပါ sorry sorry"

"...."

မူးနေတာမှကယိုင်ကထိုးနဲ့ နဂိုထဲကမှ စတတ်တဲ့သူက
အခုဆိုဆန့်ကျင်ဘက်ကြီးဖြစ်လို့နေတယ်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now