Part 9

4.3K 342 3
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 9
-----------
"ဟတ်ချိုး!....အဟွတ်! အဟွတ်"

ရှောင်ကျန့်ဖျားနေတာ ၂ရက်ရှိနေပြီ မွှေထားတဲ့ကိစ္စတွေအပြီး၀မ်ဖိုးဖိုးကဆူလွှတ်လိုက်သေးလို့ စိတ်ဆိုးပြီးသူ့မိသားစုစီပြန်ပြီအတင်းတွေချတုတ်သွားတာ ပြန်လဲလာရောဖျားပါလေရော ။

"အပူရှပ်တာလေးပါ....မင်းကတော်ခေါင်းမူးသေးလား"

"နည်းနည်းလေး‌မူးတယ်..."

"ခုနကလည်း နှာချေတယ် ချောင်းဆိုးသေးတယ်ဆိုတော့လည်း
အင်း....ဆေးပေးထားခဲ့မယ်နော်..."

"ဟုတ်ကဲ့.."

"ဒါနဲ့ညဘက်တွေရော ကောင်းကောင်းအိပ်ပျော်ရဲ့လား...."

"အိပ်ပျော်ပါတယ် ဘာမှမဖြစ်ပါဘူး..."

"ဟုတ်ကဲ့ အဲ့တာဆိုခွင့်ပြုပါဦးနော်...."

ဆရာ၀န်ကပြန်သွားတော့ရှောင်ကျန့်မှာဟိုလှိမ့်ဒီလှိမ့်နဲ့သာ မြို့အုပ်၀မ်လည်းဘေးနားမှာ ရှိနေတာပဲလေ ရှောင်ကျန့်မလိမ်ချင်ပေမဲ့လည်းလိမ်လိုက်ရတာပဲလေ သူကောင်းကောင်းအိပ်ချင်တာပေါ့ သူသတိလက်လွတ်ဖြစ်သွားခဲ့ရင်ဟော်မုန်းအနံ့တွေထုတ်လွှတ်မိ
သွားမှာကြောက်လို့လေ ။

"မြို့အုပ်၀မ်...."

"အင်း..."

"ကျန့်ကျန့်ပျင်းတယ်..."

ပျင်းတယ်တဲ့လား အဲ့တာပေါ့ ဖျားလို့ဘယ်မွှေရပါ့မလဲ သူက...။

"မြို့အုပ်၀မ်...."

"အင်း..."

"ကျန့်ကျန့်မြို့အုပ်၀မ်အကြောင်းလေးသိချင်တယ် ပြောပြ...."

"ဘယ်နားကစနားထောင်ချင်တာလဲ"

"မြို့အုပ်၀မ်ရဲ့ ဘ၀မှာလေ မိဘပြီးရင် ဘယ်သူ့ကိုချစ်သေးလဲဟင်"

"....."

"ချစ်ခဲ့ဖူးတဲ့အမျိုးသမီးတစ်ယောက်ရှိလားဟင်...."

"တစ်ချိန်ကတော့ရှိခဲ့တယ်....အခုမဟုတ်တော့ဘူး...မင်းရော"

"အင်း.....‌ကောလိပ်မှာတုန်းကဆိုရင် ကျန့်ကျန့်ကရည်းစားစာတွေအမြဲရတယ်...ဟီး..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now