Part 37

4K 283 12
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 37
----------
"ဟုတ်ကဲ့ပါဗျာ...ကျေးဇူးတင်ပါတယ်.."

ကိုယ်၀န်ရှိကြောင်းသိရပြီး၂ရက်ပဲရှိသေးတယ် တိုင်းသိပြည်သိဖြစ်
ကုန်လေပြီ ဆက်လိုက်တဲ့ဖုန်းတွေဆိုတာလည်း တဂွမ်ဂွမ်နဲ့
နားတွေပါငြီးတယ် "ကလေးရတဲ့အတွက်ဂုဏ်ပြုပါတယ်"
"ဂရုစိုက်ပါ" ဘာညာနဲ့ လာလာပြီးဖားနေတဲ့သူကြီးပဲ
၀မ်လီကလာနေမယ်ဆိုလို့ရှောင်ကျန့်မှာမျက်ခုံးလူပ်နေရတယ်။

"အချစ်ရေ..."

ဟော..လာပါပြီ လင်တော်မောင်က ဖုန်းပြောလို့ပြီးလို့အိပ်ဖို့အတွက်
အခန်းထဲရောက်လာလေပြီ ခုတင်ပေါ်တက်လာတာနဲ့ လက်ထဲမှာ
ဘူးတစ်ခုကကိုင်လာသည် ။

"အဲ့တာဘာလဲဟင်"

"သံလွင်ဆီလေ..."

ဆီဆိုမှတော့ မောင်ကဟိုဟာများလုပ်ဖို့များလား ရှောင်ကျန့်ပြုံးစိစိ
နဲ့မျက်လွှာလေးချကာ မောင့်ရဲ့လက်မောင်းကိုအသာလေးရိုက်လိုက်သည် သူတို့အတူ
ဖြတ်သန်းတုန်းကလည်း မောင်ကတစ်ခါတစ်ရံဒါသုံးတယ်။

"မောင်ကလည်း...ကလေးလေးကအခုမှရောက်တာကို..."

"အင်းလေ"

"အဲ့တာလုပ်မလို့လားလို့ မောင်ကလည်းရှက်စရာကြီး..."

"ဘာလုပ်ရမှာလဲ"

"ဟင်...မောင်ပဲ ဆီယူလာတယ်လေ..."

"အင်းလေ...ဗိုက်ကိုလိမ်းပေးမယ်လေ ‌အကြောမပြတ်အောင်လို့"

"...."

"အမတ်ချင်ရဲ့မိန်းမကပြောတယ်သိလား ကိုယ်၀န်လွယ်ထားရင်
အကြောမပြတ်အောင်လို့ သံလွင်ဆီလိမ်းရတယ်တဲ့ လာလိမ်းပေးမယ် အကျီလေးလှန်လိုက်နော်"

"...."

ကိုယ်၀န်ဆောင်သည်ကာလမှာ ဒီလိုစိတ်ဖြစ်ပေါ်တယ်ဆိုတာ
Omegaတွေအများစုစီမှာဖြစ်ပေါ်တတ်တယ် ရှောင်ကျန့်ရှက်ကာ
အကျီလေးကို ဗိုက်လေးပေါ်တဲ့စီအထိလှန်ပေးလိုက်သည်။

"ကလေးလေးရေ...ဖေဖေလိမ်းပေးမယ်နော်"

"...."

ရှောင်ကျန့်မျက်စောင်းထိုးကာ လိမ်းပေးနေရင်းနဲ့ပဲ အကျီကိုပြန်အုပ်လို့ ဟိုဘက်လှည့်သွားသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now