Part 3

5.4K 435 8
                                    

Betaယောင်ဆောင်သောမြို့အုပ်‌ကတော်
Part 3
--------------
လမင်းကြီးကသာပြီး ကြယ်လေးတွေလည်းမှိတ်တုတ်မှိတ်တုတ်
နဲ့‌ကောင်းကင်ကြီးဟာအရမ်းကိုလှပနေပါတယ် အခန်းထဲကကောင်‌လေးတစ်ယောက်ကတော့ အလုပ်ရူပ်နေလျက်
မနက်ကမှပူပူနွေးနွေးလက်ထပ်ထား‌သော သူ့အတွက် နောက်ပြီး
တော့ Omegaကနေ Betaယောင်ဆောင်ထားရသောသူ့အတွက်
ကာကွယ်ရမည် မည်သူမှအမှတ်အသားမလုပ်နိုင်ရေးအတွက်‌ပေါ့။

ရေချိုးသံကြားလို့ မြို့အုပ်ထွက်လာပြီထင်တယ် ည၀တ်တွေပါတစ်ခါထဲရေချိုးခန်းထဲမှာလဲခဲ့ပြီးသားပဲ ရှောင်ကျန့်ကတော့လုပ်စရာဆက်လုပ်နေတုန်းပဲ ။

အိပ်ယာလေးတစ်ခုကို ခုတင်နဲ့ခပ်‌လှမ်းလှမ်းက ပြတင်းပေါက်နား
လေးမှာသေချာလေးခင်းကျင်းထားတယ် ရှောင်ကျန့်ကသူ့ဘာသာသူအိပ်မို့ခင်းနေတာထင်တယ် သူ့အတွက်ကောင်းပါတယ်လေ မြို့အုပ်၀မ်ခုတင်ပေါ်ကိုထိုင်ချ
လိုက်ပြီးမကြာပါ ခုတင်ကနစ်၀င်သွားလေတယ် နောက်လှည့်ကြည့်လိုက်တော့ ရှောင်ကျန့်ကလှဲပြီးစောင်တောင်ခြုံ
နေပြီ။

"မင်းဟိုမှာသွားအိပ်မှာမဟုတ်ဘူးလား"

"မဟုတ်ဘူး အဲ့တာမြို့အုပ်အတွက်လေ"

"ဘ..ဘာ!"

"ဟုတ်တယ်လေ Alphaတစ်ယောက်နဲ့အတူမအိပ်နိုင်ဘူးလေ
အဲ့တာကြောင့်ခင်းပေးထားတာ"

"မင်းကBetaပဲလေ ဘာမှဖြစ်တာမှမဟုတ်တာ ဟိုဘက်တိုး"

"အာ...မရဘူး မရဘူး alphaအနံ့တွေမခံနိုင်ဘူး နံလို့"

"မင်းကbetaမှဟုတ်ရဲ့လား"

"...."

ရှောင်ကျန့်ကomegaလေးတစ်ယောက်ဖြစ်တာကြောင့်မို့beta
တွေရဲ့ဘ၀ကိုမသိပါ သူသိတာဆိုရင်Betaတွေကဟော်မုန်းမထုတ်
နိုင်တာပဲရှိတယ် သူဟန်ဆောင်တာမြို့အုပ်သိသွားလို့မဖြစ်ဘူး။

"ဟုတ်တယ်လေ ကျန့်ကျန့်ကbetaပဲ"

"အဲ့တာဆိုalpha တစ်ယောက်နဲ့ အိပ်တာဘာမှမဖြစ်ဘူးလေ"

"...."

"အိပ်ချင်ရင်မင်းဘာသာမင်းဟိုနေရာမှာသွားအိပ်ချည်"

"ကျန့်ကျန့်က ခုတင်နဲ့မှအိပ်တတ်တာ"

"ငါ့ကိုသူတောင်းစားများမှတ်နေလား ငါလည်းခုတင်နဲ့ပဲအိပ်တာပေါ့"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now