Part 42

2.8K 210 11
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 42
-------------
ပွဲဆိုမှပဲ အခုက၀န်ကြီးအိမ်တော်ကိုရောက်နေသည် သူ့သမီး
ရဲ့မွေးနေ့ဖြစ်လို့ မောင်ကမတက်ရင်မကောင်းဘူးဆိုပြီး
တော့သူ့ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။

အမတ်တွေကများတယ် မတွေ့ရတာကြာပြီဖြစ်သော ကျန်းစစ်နဲ့လည်းတွေ့တယ် ကျန်းစစ်ကကျင်းရန်နဲ့ရည်းစား
ဖြစ်နေပါပြီဆိုတာတောင်မှမောင့်ကသူ့ကိုသ၀န်တို‌တတ်သေးတယ်။

"မြို့အုပ်မင်း...လာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

သူတို့နားကိုကောင်မလေးတစ်ယောက်ကရောက်လာတယ်
သေချာကြည့်မိတော့မှ Tvထဲကနေတွေ့ရတဲ့၀န်ကြီးသမီး
ပဲကို မျက်နှာကိုကတစ်မျိုးကြီးရှောင်ကျန့်ကြည့်မရချေ။

"ဒါကျုပ်အမျိုးသားပါ ရှောင်ကျန့်တဲ့လေ..."

"အာ...အိမ်ထောင်ရှိတာလား...မသိခဲ့ဘူးနော် တစ်ခါမှမမြင်ဖူးလို့ "

"အင်း...ကျန့်ကျန့်လည်း ဒီကတစ်ယောက်ကိုTvထဲကနေ
ပြီးတော့ မောင့်နားမှာမကြာခဏတွေ့ရပါ‌တယ်နော်"

"ဟုတ်...ဟုတ်လား...တစ်ခါမှပွဲတတ်တဲ့အထဲမှာမမြင်ဖူးဘူးနော်"

"ဟုတ်တာပေါ့...ကျန့်ကျန့်ကအဲ့လိုမျိုး ပွဲတိုင်းတတ်နေတာ
မှမဟုတ်တာ အိမ်မှာသားသားလေးနဲ့ပဲအချိန်ဖြုန်းနေကြလေ
အခုတောင်မှမောင့်ကိုသိပ်စိတ်မချလို့လိုက်လာတာ သိတယ်
မှတ်လားမောင်က ချောပြီးခန့်ညားတော့လေ သူ့နားမှာမကောင်းတဲ့အငွေ့အသက်တွေကလာလာပေးလွန်းတယ်"

"....."

ရှောင်ကျန့်ကခနဲ့နဲ့ပြောလိုက်တော့သူမပါးစပ်ပိတ်သွားတော့
တယ် မြို့အုပ်၀မ်ကိုလူပျိုလူလွတ်လို့ထင်နေခဲ့တာ ဒီနေ့
ပွဲမှာလည်းမြို့အုပ်၀မ်နဲ့အတူရှိနေစေချင်လို့ ဒီလိုမျိုး
Body shape ပေါ်တဲ့အကျီကို၀တ်ထားရတာ။

"ကောင်းကောင်းပျော်လိုက်ပါ‌ဦးနော် ခွင့်ပြုပါဦး"

သူမက‌ထွက်သွားတော့မှ ရှောင်ကျန့်ကလက်ပိုက်လို့ မြို့အုပ်၀မ်ကိုမျက်စောင်းထိုးသည် မြို့အုပ်၀မ်ကသတိမထားမိ ရှောင်ကျန့်ခါးကိုဖက်ထားရာကနေတစ်ဖြည်းဖြည်းအောက်
ဆင်းလို့ တင်ပါးလေးကိုသွားသွားညှစ်မိတော့မှ ‌ဗိုက်ခေါက်ကိုဆွဲလိမ်ခံရသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now