Part 11

4.4K 346 18
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 11
-------------
မနက်ပိုင်းမှာကျရောက်လာတဲ့နေရောင်ခြည်အလင်းကြောင့် ရှောင်ကျန့်နိုးလာရသည် ပြတင်းပေါက်မှာလိုက်ကာကဆွဲမပိတ်
ထားတာကြောင့် နေရောင်ကတိုး၀င်လာတာဖြစ်ပါလိမ့်မယ် ဘေးနားကိုကြည့်တော့ မြို့အုပ်၀မ်မရှိတော့ဘူး ။

ရှောင်ကျန့်ထကာ ပြတင်းပေါက်ကိုဖွင့်လိုက်တော့ တိုက်ခတ်လာတဲ့
လေတွေကစိမ့်ခနဲအေးသွားတယ် ခြံထဲကိုကြည့်မိတော့မှ လူနှစ်ယောက်အပြေးလေ့ကျင့်နေကြတာဖြစ်မယ် သေချာကြည့်
မိတော့မှ မြို့အုပ်၀မ် နဲ့ယွီမြို့အုပ်ပဲ ဘယ်ဆိုးလို့လဲ မြို့အုပ်၀မ်က
မနက်ပိုင်းလေ့ကျင့်ခန်းလုပ်တာပဲ။

"မင်းဒီနေ့ကျမှ ထူးထူးဆန်းဆန်းအပြေးလေ့ကျင့်နေတာ ငါအံ့ဩသွားတာပဲ...."

"မနက်တိုင်းလုပ်နေကျပါ...."

"အော်....မနေ့ညက မင်းကတော်ပြောပြတာ မင်းတစ်ခါမှကို
မနက်ပိုင်းလေ့ကျင့်ခန်းမလုပ်ဘူးတဲ့...."

"သူမှမမြင်တာ...."

"...."

"မြို့အုပ်တို့...ကျန့်ကျန့်လည်းပြေးမယ်လေ..."

ရှောင်ကျန့်ကလက်ရှည်ထူထူလေး၀တ်ကာသူတို့နှစ်ယောက်စီပြေး
လာသည် ခေါင်းစွပ်လေးကလဲစွပ်ထားသေးတယ် ခြေအိတ်လက်အိတ်အပြည့်နဲ့ပဲ သူက ။

"ငါပြေးတာများနေပြီ...ထပ်မပြေးတော့ဘူး..."

"ဟွန်း....ကျန့်ကျန့်လာမှ မြို့အုပ်၀မ်က အတူတူမပြေးချင်လို့မဟုတ်လား ဒီလိုပြောတာ"

"...."

"မင်းကတော် ကျွန်တော်အဖော်လုပ်ပေးမယ်လေ....ဘယ်လိုလဲ..."

ယွီမြို့အုပ်က ဘေးနားကနေပြုံးပြုံးနဲ့ ရှောင်ကျန့်ရှေ့လက်လာကမ်းသည် ။

"အွန်း...အပြေးပြိုင်မယ်လေနော်..."

"ဟုတ်ပါပြီဗျ...မင်းကတော်လေးကအရင်ပြေးပါဗျာ..."

"ကျန့်ကျန့်ကိုအထင်သေးတာလား အတူတူပြေးပါ့မယ်ဆို..."

"ဟုတ်ရပါဘူးဗျာ... "

"လာ အတူတူပြေးမယ်..."

"ရှောင်ကျန့်...."

"ခေါ်ဘူး...သွား..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now