Part 41

2.8K 200 2
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 41
____________
ရှောင်ကျန့်နိုးလာတော့ ညနေ၃နာရီလောက်ရှိနေပြီ လက်ကို
ဆန့်တန်းလို့ထလိုက်တော့မှ ခါးနာမှန်းသတိရသည် ရေချိုးလို့ ပေါ့ပေါ့ပါးပါး အကျီလေး၀တ်ကာ အောက်ဆင်းလာသည်
ဒီညဘယ်သွားရင်ကောင်းမလဲ မောင်နဲ့အတူလျှောက်လည်
ရင်ကောင်းမယ် ။

"မောင်ရေ..."

"မွှ...ချစ်ဖို့ကောင်းလိုက်တာ"

ဧည့်ခန်းထဲကမောင့်အသံကို ကြားလိုက်ရတယ် နမ်းတဲ့အသံ
နဲ့အတူ ချစ်ဖို့ကောင်းလိုက်တာဆိုတဲ့အသံပါပါသည် ရှောင်ကျန့်မျက်ခုံးတွေတွန်းချိုးသွားတယ် ဘယ်သူများလဲသူ့
လောက်တောင်ချစ်ဖို့ကောင်းလို့လား ရှောင်ကျန့်ကြည့်လိုက်တော့ စော်အောက မောင့်လက်ထဲပြန်ရောက်နေသည် မားတို့ကလည်းထိန်းထားပါဆိုနေမှ။

"အချစ်နိုးလာပြီပေါ့"

"ဒီဟာလေးကိုဘာလို့ပြန်လာပို့သွားတာလဲ...မောင်နဲ့နှစ်ယောက်ထဲအချိန်ဖြုန်းချင်တာမ၀သေးပါဘူးဆိုမှ"

"စော်အောလေးက ကိုယ်တို့ကိုလွမ်းလို့ ဖျားတောင်ဖျားတယ်တဲ့"

"တကယ်...ဘာဖြစ်သွားသေးလဲ အနာတွေရောပေါက်လား
သားသားလေး"

ရှောင်ကျန့်က မြို့အုပ်၀မ်လက်ထဲကနေ စော်အောကိုပြောင်း
ချီလို့ စစ်ဆေးသည် ဘာမှမဖြစ်တော့မှသက်ပြင်းချလိုက်ရပါတယ် ။

"အင့်!...ဟင့်!"

စော်အောကတော့သူက‌စားနေတာလေးပြတ်သွားလို့စိတ်ဆိုး
နေသောပုံပင် ရှောင်ကျန့်လက်ပေါ်မှာလည်းကော့ကတ်လန်
ကာတအင့်အင့်နဲ့ ဂျီကျသည်။

"ပြုတ်ကျမယ်လေ...နေပါဦး ပါးပါးကိုမမှတ်မိတော့တာလား"

"...."

စော်အောကိုမျက်နှာချင်းဆိုင်လို့ ကြည့်လိုက်တော့မှ ပါးနှစ်ဖက်ကပိုဖောင်းနေသယောင် မားတို့ဘယ်လောက်တောင်
များနို့ဗူးတွေတိုက်လဲသိသာတယ် ။

"မင်းကဘာလို့ပြန်လာတာလဲ ပြောစမ်းပါဦး..."

"ခစ်...ခစ်.."

"ဘာအခုမှလာရီနေတာလဲ အိမ်မက်ထဲမှာဆိုရင် ဖေဖေ့စီက
အချစ်တွေမလုပါဘူး ဘာညာနဲ့ အခုတော့ငါအိပ်နေတဲ့
တစ်ချိန်လုံး ငါ့ချစ်ချစ်နဲ့ပဲအချိန်တွေဖြုန်းနေတာပေါ့လေ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now