Part 38

4.6K 278 5
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 38
-------------
ခုတင်ခေါင်းရင်းကိုမှီလို့ ဖတ်လက်စစာအုပ်ကိုပိတ်ကာ မျက်စောင်းထိုးက နာရီကိုကြည့်လိုက်တယ် ၉နာရီထိုးတိတိကို
ပြသနေပုံက ဒါကပုံမှန်အိပ်ချိန်ဖြစ်နေပြီ မြို့အုပ်၀မ်သက်ပြင်းချ
လို့အရှေ့ကိုကြည့်လိုက်တော့ ရှောင်ကျန့်က ကလေးနဲ့ဆော့နေတုန်း။

"ဘယ်သူက ချစ်စရာအကောင်းဆုံးလဲ...သားသားပေါ့..."

"ခစ်...ခစ်..."

ကလေးမွေးပြီးရင် ကျန့်ကျန့်ကအပယ်ခံဖြစ်မှာ ဆိုတဲ့စကားလေး
ကအတိတ်မှာကျန်နေခဲ့ပြီ ယခုဘယ်သူကအပယ်ခံလဲဆိုတာအသိသာကြီး ။

"အချစ်ရေ အိပ်ရအောင်..."

"ကြားလားသား...ဖေဖေက အိပ်မယ်တဲ့....ဟုတ်တာပေါ့...သားသားလေးလဲအိပ်ရမယ်..."

ကလေးကိုမြူလို့ ရှောင်ကျန့်ကချီကာ မသိပ်သေးပဲနဲ့ ခဏမြူနေသေးသည် မြို့အုပ်၀မ်သက်ပြင်းချလို့ စာအုပ်ကိုဘေးနားကခုံပေါ်တင်ကာ သူအရင်လှဲလိုက်သည်။

"ကြည့်ပါဦး သားသားရယ် သားဖေဖေက ကောက်သွားပြီ..."

ရှောင်ကျန့်ပြောလို့ ကလေးခမျာ မျက်လုံးလေးကလယ်ကလယ်
နဲ့ မြို့အုပ်၀မ်ဘက်ကိုကြည့်လိုက်သည် ။

"သွားမို့လား ဖေဖေ့စီသွားမို့လား...လာ..ဝှီး..."

အနှီးမပတ်တော့သော သားလေးကို လက်ရှည်လေး‌လုံးစွပ်လေးတွေနဲ့ ဘောင်းဘီရှည် ခြေအိတ်လက်အိတ်လေးတွေ၀တ်ပေးထားရသည် ကလေးကိုချီကာ
မြို့အုပ်၀မ်နားသွားထိုင်လိုက်သည်။

"‌သားလေးရိုက်လိုက်...ဖေဖေ့ကိုနိူး.."

*ဖတ်*

ဖတ်ခနဲပဲမြို့အုပ်၀မ်ပါးပေါ်ကို လက်ဝါးသေးသေးလေးကကျရောက်သွားတော့ မှိတ်နေတဲ့မြို့အုပ်၀မ်မျက်လုံးလေးတွေကပွင့်လာသည် ။

"သားသားက မောင့်ကိုတွေ့ချင်လို့တဲ့..."

"ဟုတ်လားသား...ဖေဖေ့ကိုတွေ့ချင်တာလား"

မြို့အုပ်၀မ်ကသားသားလက်ကိုကိုင်လို့ ပြောတော့ သူ့လက်လေး
ကိုမွေးတုန်းကလိုမျိုးဆုပ်ကိုင်ထားလို့ပြုံးပြသည် မြို့အုပ်၀မ်က
အိပ်နေရက်‌နဲ့ပဲ ရှောင်ကျန့်လက်ထဲကနေ ကလေးကိုပြောင်းယူလို့
ချီကာ တစ်ဖက်လှည့်သွားသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now