Part 17

4.3K 334 4
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 17
----------------
ရှောင်အိမ်တော်ကနေ ဖိတ်စာတစ်စောင်ကရောက်လာလေတယ်
ရှောင်ကျန့်လည်းဖွင့်ကြည့်မိတော့မှ ဘယ်ဟုတ်မလဲ ကျောင်းစုံညီပွဲတဲ့လေ ဘွဲ့ရပြီးတာမကြာသေးတဲ့ကျောင်းသား
ကျောင်းသူတွေကိုဖိတ်ကြားထားတာပင် ။

"မြို့အုပ်၀မ် ကျန့်ကျန့်လေ....ဒီပွဲသွားချင်လို့"

"...."

"လုပ်ပါနော်...ကျန့်ကျန့်သူငယ်ချင်းတွေနဲ့ပြန်မဆုံရတာကြာပြီဗျ"

"ရူပ်ရရူပ်နဲ့ မသွားနဲ့"

"မြို့အုပ်၀မ်ကလည်း ကျန့်ကျန့်ပူဆာတာဒါပထမဆုံးပဲကို...."

"....."

မြို့အုပ်၀မ်ပြန်စဉ်းစားကြည့်သည် သူတောင်းဆိုဘူးတာပထမဆုံး
ဆိုပဲ ...
"မြို့အုပ်၀မ် မုန့်၀ယ်ကျွေးပါဦး ဒါကျန့်ကျန့်ပူဆာတာပထမဆုံးနော်"
"မြို့အုပ်၀မ်...ဟိုကုတ်လေး၀ယ်ပေးပါဦး ဒါကျန့်ကျန့်ပူဆာတာ
ပထမဆုံးနော်"
"ဟိုရင်ထိုးလေး၀ယ်ပေးဦး ဒါကျန့်ကျန့်ပူဆာတာပထမဆုံးပဲကို"
"ယုန်လေးအတွက် အစာထုပ်လေး၀ယ်ပေးနော် ဒါကျန့်ကျန့်ပူဆာတာပထမဆုံးပဲကို"

ပထမဆုံးပူဆာတာပါဆိုတဲ့အရာတွေက တအားကိုများလွန်းနေပါပြီလေ ။

"နော်...."

"ကိုယ်စဉ်းစားပါရ‌စေဦး"

"မနက်ဖြန် နော် မနက်ဖြန်လုပ်မှာ"

"...."

"ကျန်းစစ်လဲလာမှာသေချာတယ် "

"မသွားရဘူး!"

"မြို့အုပ်၀မ်လည်း လိုက်လို့ရမယ်ထင်တယ် ဒီမှာလေ ခေါ်လာချင်သူတစ်ယောက်အား ခေါ်လာခွင့်ရသည်တဲ့လေ"

"သွားမယ်"

"ရေး!"

"...."

"အာ! ဒါနဲ့ ကျန့်ကျန့်ကို၀တ်သွားဖို့လေ ဘောင်းဘီ ရယ် ဖိနပ်ရယ်
ကုတ်အရှည်ရယ် အကျီရယ် ဦးထုပ်ရယ် ရေမွှေးရယ် နာရီအသစ်လေးရယ်
နောက်ပြီး နက်ခ်တိုင်ရယ် ၀ယ်ပေးဦးနော်...ဒါကျန့်ကျန့်ပထမဆုံး
ပူဆာတာပဲကို....ဟီး..."

"...."

ရှောင်ကျန့်ပူဆာတာတွေက တအားကိုများလွန်းနေပါပြီ
သူကိုယ်တိုင်တော့မသိပေမဲ့လည်းပေါ့ အိမ်တော်ရဲ့ပိုက်ဆံတွေကို
ရှောင်ကျန့်စီပေးလိုက်ရင်တော့ဖြင့် တစ်နေ့ထဲကုန်မဲ့မျိုး။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now