Part 23

4.4K 345 13
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 23
------------
သူတို့နှစ်ယောက်အိမ်ပြန်လာတော့ ရှောင်ကျန့်ကအခန်းထဲပြေး၀င်သွားလေတာ သူ့ကိုတောင်မစောင့်
ကြည့်ရတာသူ့ကိုရှက်နေတယ်ထင်ပါရဲ့ ။

*ချောက်*

သူတံခါးဖွင့်လိုက်တော့ ရှောင်ကျန့်က တစ်စုံတစ်ခုကိုပါးစပ်ထဲ
ထည့်လိုက်တာတော့တွေ့တယ် သူ့ကိုမြင်‌တော့ရေကို ကမန်းကတန်း
သောက်ချသည်။

"ဘာလဲ...ဘာစားလိုက်တာလဲ"

"ဟို...ဟို...မုန့်"

"...."

"ကျန့်ကျန့်စားတဲ့မုန့်ပါ...မြို့အုပ်၀မ်ကိုကျွေးရမှာကြောက်လို့"

"...."

ရှောင်ကျန့်ကမျက်လုံးတွေကို‌ဟိုရွှေ့ဒီရွှေ့နဲ့ နောက်ဆုံးအပြင်ထွက်
သွားတော့တယ် မြို့အုပ်၀မ်လိုက်ကြည့်နေမိသည် ရှောင်ကျန့်
ဘာများဖြစ်သွားတာပါလိမ့်....သူ့ကိုရှက်နေလို့လား ။

🐷

ညဘက်ရောက်တော့ရှောင်ကျန့်ကိုအခန်းထဲမှာမိတုန်းလေး
ချက်ချင်းဆွဲဖမ်းထားရပြီး အပေါ်ကနေအုပ်မိုးထားလိုက်သည်။

"ကျန့်ကျန့် အိပ်တော့မှာ..."

"‌ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ"

"ရှောင်ပါဘူး...ဖယ်တော့ အိပ်တော့မှာ"

"ကိုယ်တော့မယုံပါဘူး...ဘာလဲ ‌ရှက်လို့လား"

"......"

"ရှက်စရာလား ရှောင်ကျန့်...ကိုယ့်ယောကျာ်းကနမ်းတာပဲကို"

"မရှက်ပါဘူး ရှက်တယ်လို့ဘယ်အရူးကပြောလို့လဲ...."

"အဲ့တာဆိုဘာလို့ရှောင်နေရတာလဲ"

"ဟို...ဟိုဟာ...မြို့အုပ်၀မ်ထပ်နမ်းမှာကြောက်လို့..."

"..."

"ကျန့်ကျန့်...နူတ်ခမ်းကိုကိုက်ထားတာ နာလို့"

"ဟား...ဟား..."

မြို့အုပ်၀မ်ကဟက်ဟက်ပက်ပက်ရီသည် ရှောင်ကျန့်ကြောင်ကြည့်
နေမိသည် ‌မြို့အုပ်၀မ်ကဒီလိုမျိုးလည်းရီတတ်သလား...။

"မြို့အုပ်၀မ်က ကိုက်တာ ၃ခါတောင်မှကို "

မြို့အုပ်၀မ်ကကိုယ်ကိုကိုင်းညွှတ်လို့ ရှောင်ကျန့်နားအနားကပ်
တိုးသွားလေသည် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now