Part 29

3.9K 310 18
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 29
------------
ရှောင်ကျန့်ကအမြဲကတိတည်တဲ့သူတစ်ယောက် ဒီနေ့ညလာမဲ့
ယွမ်နင်ရဲ့မွေးနေ့ကိုလည်း မောင်နဲ့အတူတူတက်မည် မောင်ကပြောတယ်ကိုယ့်အချစ်သဘောတဲ့လေ ။

"မောင် သူမကိုမရီပြနဲ့ မပြုံးပြနဲ့ စကားပြောရင် အနည်းဆုံး
၅ခွန်း၆ခွန်းထဲပြောနော် ဒီမှာနာရီ၀က်ပဲနေမှာ "

"အင်းပါ ကိုယ့်အချစ်အလိုတော်ကျပါဗျ"

အမှန်ဆိုမြို့အုပ်၀မ်မလာချင်ပါ  ရှောင်ကျန့်ကတော်ကြာနေ
မသွားတော့ဘူး တော်ကြာနေသွားမယ် ‌ဆိုပြီးလုပ်နေလို့ အချစ်သဘောလို့သာပြောလိုက်တော့ ယောကျာ်းတစ်ယောက်ကပေးထားတဲ့ကတိကိုရအောင်တည်ရတယ်
ဆိုပြီးပြောလို့ လာတာပင်။

"ဟယ်....အထူးဧည့်သည်တော်တွေလာကြပါလားကွ လာပါ ကြွပါ"

ယွမ်နင်ရဲ့အဖေကကြိုဆိုလို့သူတို့နှစ်ယောက်ကို နေရာပြပေးတယ်
အိမ်ထဲမှာလုပ်တာဖြစ်လို့ တော်တော်လေးခန်းနားပါတယ်
မဂ်လာပွဲလား မွေးနေ့လားပဲမသဲကွဲတာတစ်ခုပင် ကင်မရာသမား
တွေလည်းရှိနေကြတယ် အေးပေါ့လေ အမတ်ရာထူးအကြီးဆုံးရဲ့
တစ်ဦးတည်းသောသမီးရဲ့မွေးနေ့ဆိုတော့လည်း ကြီးကျယ်မှာပေါ့။

"ဝါး...ကိတ်မုန့်က ၄ထပ်ကြီးတောင်မှ မိုက်တယ်"

"သဘောကျလား"

"အင်း"

"အချစ်မွေးနေ့ကျရင်ကိုယ်လုပ်ပေးမယ်လေ"

"တော်ပါပြီမောင်ရယ်...ကျန့်ကျန့်မွေးနေ့ကျရင် လှူဖို့စဉ်းစားထား
တာပါဗျ...ဒါတွေကလည်း ခဏလေးပဲခံမှာကို"

"‌ကိုယ့်အချစ်က စိတ်သဘောထားပြည့်၀လွန်းတယ်..."

"ဟီး..."

"ဝေး....ရိပေါ်..ငါတို့ကဒီမှာဟေ့!"

ယွီမြို့အုပ်တို့အုပ်စုပင် မြို့အုပ်၀မ်လည်းသူတို့နဲ့အတူသွားထိုင်
နေလိုက်တယ် စားပွဲပေါ်မှာလည်း စားစရာ‌တွေကအဆင့်သင့်ချ
ပေးပြီးသားပဲ ။

"အကုန်လုံးပဲ ဒါကတော့ မမလေး ယွမ်နင်ပါဗျ"

အိမ်တော်ထိန်းရဲ့ဖိတ်ခေါ်သံအပြီးမှာပဲ လှေကားထိပ်ကနေ
ယွမ်နင်ကဆင်းလာတယ် ပန်းရောင်နုနုဂါ၀န်လေးကသူမနဲ့
အင်မတန်မှလိုက်ဖက်ပြီး ခေါင်းကတစ်၀က်စီးထားတဲ့ ဖဲပြား
လေးကလည်းလှတယ် မွေးနေ့ရှင်ဆိုတော့လည်းအစွမ်းကုန်
လှနေမှဖြစ်မှာပေါ့လေ ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now