Part 35

4.2K 279 6
                                    

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 35
------------
နှစ်သစ်ကူးပွဲတော်ရက်ဖြစ်လို့လားမသိ အိမ်တိုင်းမှာတင် မီးပုံး
လေးတွေချိတ်ဆွဲထားကြတယ် ညအခါလှည့်လည်ဖို့အတွက်
အကသမားတွေရော ပြင်ဆင်နေကြလေပြီ ။

"မောင်...မောင်...ညကြရင်ဒီမှာလာကြည့်မယ်မှတ်လားဟင်"

"လူတအားများတယ်နော်"

"မောင်ကလည်း ကျန့်ကျန့်ကလေကျန်းစစ်နဲ့တောင်မှတစ်ခါရောက်
လာဖူးတာ သိပ်လည်းမကြပ်ပါဘူး"

"...."

"အဲ့တုန်းကဆိုရင်လေ...ကျန့်ကျန့်ကလူကြီးတစ်ယောက်နဲ့တိုက်မိ
သွားတာသိလား ဘာမှလည်းမဖြစ်ဘဲနဲ့အဲ့လူကြီးက အလျော်လာ
တောင်းတယ်...ကျန်းစစ်ကကာကွယ်ပေးလို့တော်သေးတာပေါ့"

"အချစ်နော်...သူ့အကြောင်းပြောနေတာကိုယ်မကြိုက်ဘူးနော်"

"အမှတ်တရတွေပြန်ပြောနေတာပါနော်"

"ဟုတ်လား  ယွမ်နင်နဲ့တုန်းကလည်း ပြဇာတ်ရုံ
ထဲရော ဒီလိုလမ်းလေးပါ အတူလျှောက်ဖူးတယ်"

"မောင်နော်....ဘာလို့သူကပါလာပြန်တာလဲ..ကျန့်ကျန့်မကြိုက်ဘူး"

"ကိုယ်လည်းအမှတ်တရပြန်ပြောတာလေ"

"မရဘူး မရဘူး မပြောရဘူး..."

"မင်းကျရတယ်ပေါ့လေ"

"ဟုတ်တယ် ကျန့်ကျန့်က ရတယ် မောင်ကမရဘူး ဟွန့်!"

"...."

ရှောင်ကျန့်ကစူပုတ်လို့သူ့လက်မောင်းကိုချိတ်ထားရာကနေလွှတ်ကာလက်ပိုက်ပြီးတစ်ဖက်ကိုမျက်နှာမူလို့ ကောက်သည်။

"ဒီလမ်းလေးမှာ တစ်ခါထဲ ယွမ်နင်နဲ့ပုခုံးချင်းယှဉ်လို့လျှောက်ဖူးတယ် ပန်းလေးတွေကလည်းကြွေလို့...."

"ဒါဆို...သူနဲ့‌အတူလျှောက်ဖူးပြီးသားလမ်းကို...ကျန့်ကျန့်နဲ့ဒုတိယလျှောက်တာပေါ့"

"အင်းပေါ့..."

"အင့်! ‌မခေါ်ဘူး!! စိတ်ဆိုးတယ်!"

ရှောင်ကျန့်ကဆောင့်အောင့်လို့ လှည့်ထွက်ဖို့ပြင်တော့ မြို့အုပ်၀မ်က
လက်ကိုပြန်ဆွဲကာ သူ့နားကပ်စေသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now