Part 40

3.4K 226 6
                                    

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 40
--------------
ရေချိုးနေပေမဲ့လည်း ရှောင်ကျန့်စိတ်ထဲမှာပူနေသလိုကြီး
ပင် မှန်ထဲကနေကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တယ် ခဏလောက်ပဲ ငြိမ်နေလိုက်သေးတယ် ရှောင်ကျန့်ဒူးတွေညွှတ်ကျသွားလို့ သူ့ဟော်မုန်းအနံ့တွေထုတ်လွှတ်လိုက်သည် Heat
ကာလစနေပြီလား ရှောင်ကျန့်တစ်ကိုယ်လုံးလဲပူလို့ မည်သို့
မျှဖြေဖျောက်လို့မရချေ။

အချိန်အားဖြင့် နံနက်၁၀နာရီထိုးနေပြီ မောင်အလုပ်မှာပဲရှိ
နေသေးတယ် heatဖြစ်တာ ညမှစမယ်လို့ထင်ထားခဲ့တာ
အခုဘယ်လိုလုပ်ပြီးတော့များလဲ ရှောင်ကျန့်အပြင်ကိုထွက်လို့ လျှော်မဲ့အဝတ်ခြင်းထဲကနေ မနေ့ညကမောင်ချွတ်ထားသော အကျီကိုကောက်ဝတ်လိုက်သည်။

ထိုအကျီမှာမောင့်ရဲ့ အနံ့လေးတွေစွဲကပ်နေသေးတယ်
ကုတင်ပေါ်တက်လို့ ‌မြို့အုပ်ဝမ်ရဲ့ခေါင်းအုံးကိုဆွဲကာ
နမ်းရိူက်လိုက်သည် တစ်စတစ်စထွက်ပေါ်လာသောသူ့
ဟော်မုန်းအနံ့တွေက မောင့်ရဲ့ဟော်မုန်းအနည်းငယ်လောက်ကိုဖုံးအုပ်သွားလေပြီ ။

ရှောင်ကျန့်လူးလိမ့်ကာ Heatဖြစ်ရခြင်းကို ခံစားနေရသည်
သူလိုအပ်တယ် ဝမ်ရိပေါ် ဆိုသောသူကိုတအားလိုအပ်နေ
လေတယ် ခန္ဓာကိုယ်ကလည်းတစ်ခုခုကိုလိုအပ်နေပြီ
ပူလည်းပူနေပြီ ကိုယ်ခန္ဓာတစ်ခုလုံးမှာဆိုရင် မောင်မနေ့ည
ကချွတ်ထားတဲ့အကျီပဲရှိတယ် ။

မရတော့ဘူး မောင့်ကိုတအားလိုအပ်လာတယ် ရှောင်ကျန့်
လေးဖက်ထောက်လို့ တံခါးနားသွားကာ ဖွင့်လိုက်တယ်။

"အိမ်...အိမ်တော်ထိန်းကြီး!...အိမ်တော်ထိန်းကြီး!!"

"လာပါပြီ မင်းကတော်..."

မင်းကတော်ကသာခေါ်နေတာ လူလည်းမတွေ့ တံခါးပွင့်
နေတာပဲတွေ့သည် သူတံခါးနားကပ်သွားပြီးအထဲကိုကြည့်
လိုက်တော့ မည်သူမှလည်းမတွေ့ချေ ။

"အိမ်တော်ထိန်းကြီး...မြို့အုပ်ကိုဖုန်းဆက်ပေးပါ"

"ဗျာ...ဟုတ်ကဲ့"

"ချက်ချင်းနော်"

"ဟုတ်ကဲ့"

ဖြစ်သမျှကိုအိမ်တော်ထိန်းကြီးမတွေ့အောင်လို့ တံခါး
နောက်လေးမှာပဲကပ်ကာ လှမ်းပြောနေရတယ် တော်သေးတယ် အိမ်တော်ထိန်းကြီးက တံခါးပြန်ပိတ်ပေးသွားလို့ ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now