Part 50

3K 183 8
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 50
--------------
‌အရာရာတိုင်းကရှောင်ကျန့်အိမ်မက်ထဲကအတိုင်းပဲ သာယာ
တဲ့မိသားစုလေး အရမ်းချစ်တဲ့အမျိုးသား ကိုပိုင်ဆိုင်ခွင့်ရ
တယ် လိုနေတာက အိမ်မက်ထဲက နောက်ထပ်ကလေးလေး
နှစ်ယောက်ပဲလိုတယ်။

"၀မ်ရှောင်းရိ နဲ့ ၀မ်ရှောင်းအာ...ပါးပါးစီလာပါဦး"

"ဟုတ်ကဲ့..."
"ဟုတ်ကဲ့...လာပြီ ပါးပါး"

ဂါ၀န်အဝါဖျော့ဖျော့လေး၀တ်ထားသောသမီးလေးနှစ်ယောက်ကယခုဆိုရင် ၂နှစ်‌ခွဲလောက်ရှိနေပြီ ဟိုအကိုကြီး
အဖရာ စော်အောဆိုရင်တော့ ၃နှစ်ခွဲပေါ့ ။

"လိမ္မာလိုက်တာ...အဲ့တာကြောင့်မို့ပါးပါးကအရမ်းချစ်တာ"

နှစ်ယောက်လုံးက ‌၀မ်ရှောင်းရိကရှောင်ကျန့်လိုမျိုးနူတ်ခမ်း
အောက်မှာမှဲ့လေးပါတယ် နောက်တစ်ယောက်ကမပါပါ ။

သမီးမိန်းကလေးသိပ်ချစ်တဲ့မြို့အုပ်၀မ်ကိုတော့ သမီး‌တွေက
သိပ်မကပ် ပြောင်းပြန်ဖြစ်နေသလိုပင် စော်အောတစ်ယောက်
ထဲမြို့အုပ်၀မ်ကိုတအားကပ်သည် သူလိုချင်တာရလို့လေ။

"ကဲ..သွားရအောင် ဘူတာရုံမှာသွားစောင့်နေရအောင်"

မြို့အုပ်၀မ်က ယွီမြို့အုပ် နဲ့အခြားမြို့နယ်တွေမြို့အုပ်တွေနဲ့
အတူတူ လန်ဒန်ကိုထွက်ခွာသွားတာ ၁ပတ်တိတိရှိခဲ့လေပြီ
တလောကပို့တဲ့စာထဲမှာ‌တော့ရထားကလာမှာကြာတာကြောင့်
၃ရက်လောက်ကြာမယ်လို့ပြောတယ်
အခုပြန်လာမဲ့ရက်မို့လို့ စောင့်နေကြတာပင် ။

"နည်းနည်းကျွေး"

"ကျွေးဘူး..ကိုကို့တုန်းကကျွေးလို့လား"
"ဟုတ်တယ်...မကျွေးဘူး..."

"နင်တို့ကလည်း နည်းနည်းလေးပဲကို"

စော်အောကအဲ့အတိုင်းပဲ သူ့မုန့်ကျရင်မကျွေးချင် ကုန်သွားရင်ညီမတွေစီကနေလိုက်စား အဲ့တာကြောင့်လည်းတစ်ခါတစ်လေမှာရှောင်ကျန့်နဲ့အတိုက်အခံဖြစ်သေးတယ်။

"ပြန်လာမှ ဖေဖေနဲ့တိုင်ပြောမယ် အကျင့်မကောင်းဘူး..."

"အောင်မယ်...စော်အော...သားကပဲတရားလွန်နေတာလေ
သားမုန့်ကျရင်လည်းဝေစားမျှစားလုပ်ရတယ်လေ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now