Part 15

4.5K 350 11
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 15
----------------
မြို့အုပ်အိမ်တော်ကိုပြန်ရောက်လာပြီမို့ ဆေးကိုသောက်လောက်
ရမှ အသက်ရူရချောင်သွားတော့သည် ဒီဆေးနဲ့သာဆိုရင်သူ့ကို
Omegaမှန်းသံသယ၀င်မိမှာတောင်မဟုတ်ဘူး ။

"မင်းအဖိုးနဲ့ဘာတွေပြောခဲ့လဲ...."

မြို့အုပ်၀မ်ကခုတင်ပေါ်လှဲနေရင်းနဲ့မှ မေးတော့ ရှောင်ကျန့်ချက်ချင်းပြန်မ‌ဖြေမိပါ ဖိုးဖိုးစီကဆေးတောင်းဖို့ရာအတွက် မြို့အုပ်၀မ်ကိုခဏပထုတ်ထား
ရတယ်ဆိုတော့လည်း....။

"မြို့အုပ်၀မ်က ဘာလို့သိချင်နေတာလဲ"

"ငါကမင်းယောကျာ်းလေ ဒါလေးတောင်သိခွင့်မရှိဘူးလား"

"သိချင်လို့လား"

"တော်တော့....မသိချင်တော့ဘူး မင်းနဲ့ငါနဲ့က တစ်ယောက်အကြောင်းတစ်ယောက်စွပ်ဖက်မှာမှမဟုတ်တာ"

"....."

"ငါအိပ်တော့မှာ မီးပိတ်လိုက်အုံး"

"အင်း....."

ရှောင်ကျန့်ကိုကျောပေးကာ အိပ်ရတာကြောင့် မြို့အုပ်၀မ်ရဲ့
မကျေမချမ်းသောမျက်နှာကိုသူတွေ့ရမည် မဟုတ်ပါ ‌မွေ့ယာလေးကပေါ့ပါးသွားတယ် ရှောင်ကျန့်လှဲပြီဆိုရင် နစ်၀င်သွား
ရမှာလေ... မြို့အုပ်၀မ်လှည့်ကြည့်‌မိတော့ ဒီနေ့၀တ်ခဲ့တဲ့ ကုတ်ထဲက
နေဓာတ်ပုံလေးတစ်ပုံထုတ်ကာ ခေါင်းအုံးအောက်မှာထားပြီး
ရှောင်ကျန့်လှဲအိပ်လိုက်သည် မီးပိတ်ဖို့ပါမမေ့...။

အတော်လေးကြာတော့....
မြို့အုပ်၀မ် ထထိုင်မိသည် ဘာလဲ အဲ့ကောင်ဓာတ်ပုံကဘာဖြစ်နေလို့လဲ ဘာလို့ခေါင်းအုံးအောက်မှာ
ထားအိပ်ရတာလဲ အိမ်မက်ထဲမှာအဲ့ကောင်ပါလာအောင်လို့လား
မြို့အုပ်၀မ်ရှောင်ကျန့်ခေါင်းအုံးအောက်ကိုအသာလေး လက်နဲ့နိူက်
ကာဓာတ်ပုံကိုရှာနေလိုက်သည် ရှောင်ကျန့်ကသူဒီလိုလုပ်တာသိ
မှာမဟုတ်ချေ အရမ်းအအိပ်မက်လွန်းလို့....။

🐰

မနက်စောစောလေးပဲရှိပါသေးတယ် မြို့အုပ်၀မ်ကမြို့အုပ်ရုံးမှာ
အသင့်ရောက်နေပြီးသား ပုံမှန်အားဖြင့်၈နာရီလောက်မှာ ရောက်ပေမဲ့ အခုက၇နာရီထဲကရောက်နေပြီးသား ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now