Part 12

4.3K 351 13
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 12
------------
ယွီမြို့တော်ကိုရောက်နေတာ ယနေ့နဲ့ဆို၃ရက်ရှိနေပြီ သူ့ဆေးတွေ
အကြောင်း‌ကိုတွေးရင်းစိတ်ပူနေမိသည် နောက်၄ရက်လောက်ထိ
သူတောင့်ခံနိုင်မှဖြစ်မှာ ဒီလိုမျိုးသိခဲ့ရင် ဆေးအပိုယူလာပါရဲ့....။

‌ပတ်တီးလေးအဖွေး‌သားနဲ့ အပေါ်ဆုံးထပ်က၀ရန်တာနားမှာ နေပူစာလူံနေရင်းနဲ့ ထိုင်ခုံလေးပေါ်မှာထိုင်လို့
စဉ်းစားနေမိသည် ‌ခြေထောက်နာလို့ဘယ်မှကိုမသွားရဘူး
အခုမြို့အုပ်၀မ်က ယွီမြို့အုပ်နဲ့ အတူ မြို့အုပ်ရုံးကိုသွားလေပြီ  ကျန့်ကျန့်ကိုကျတော့ ဒီမှာပဲထားခဲ့တယ် အကျင့်ပုတ်ကြီးတွေ။

*တီ...တီ*

ဟော...တွေးနေရင်းနဲ့လာပါပြီ ရှောင်ကျန့်ကထိုနေရာမှာသာထိုင်
နေမြဲပဲ ကိုယ်မှမထနိုင်တာ သူတို့တွေလာပေါ့ တံခါးကိုကြည့်
နေရင်းနဲ့မှပဲ ဘာလို့မှန်းမသိမြို့အုပ်၀မ်၀င်လာမှာကိုအရမ်း
မျှော်လင့်နေမိသည် တကယ့်တကယ်၀င်လာတာကယွီမြို့အုပ် ။

"မင်းကတော်... အတွက်မုန့်တွေ၀ယ်လာခဲ့တယ်နော်"

"ဝါး...‌ကျေးဇူးတင်ပါတယ်ဗျ...ယွီမြို့အုပ်၀ယ်ကျွေးတာလားဟင်"

"မဟုတ်ဘူး ကျုပ်ကရွေးပြီးငွေရှင်းဖို့လဲလုပ်ရော ၀မ်ရိပေါ်က ရှင်းပြီးသွားပြီတဲ့လေ"

"အော်...."

"ကျုပ်မ၀ယ်ကျွေးပေမဲ့လည်း ပုံလေးတွေကိုကျုပ်ရွေးထားတာပါဗျ"

" ကျေးဇူးပါ...."

ကိတ်မုန့်ပေါ်မှာတင်ထားတဲ့ပုံလေးတွေကလှလဲလှတယ် အရုပ်လေး
တွေလဲပါတယ် ရှောင်ကျန့်ပြုံးလိုက်သည် သူ့ယောကျာ်းကသူ့ကို
မုန့်တွေ၀ယ်ကျွေးသားပဲ။

"အော်...ဒီရောက်နေတာပဲ...."

မြို့အုပ်၀မ်ရောက်လာပြီဆိုမှတော့ ယွီမြို့အုပ်လည်း ပြန်သွားလေပြီ
သူတို့နှစ်ယောက်ထဲနေပါစေလေ ။

"မြို့အုပ်၀မ်...ဒါလေးတွေကလေ မြို့အုပ်၀မ်၀ယ်‌ကျွေးတာဆို..."

"ငါမ၀ယ်‌ကျွေးလို့ ဘယ်သူ၀ယ်ကျွေးမှာလဲ "

"မြို့အုပ်၀မ် မ၀ယ်ကျွေးလဲ...ယွီမြို့အုပ်ကြီးရှိနေတာပဲကို...သူ့ကို၀ယ်ကျွေး
ခိုင်းမှာပေါ့..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now