Part 47

2.7K 189 6
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 47
___________
ကလေးတွေထိန်းရတာလောက်ငိုက်တာမရှိပင် တစ်ချက်လေးအိပ်ငိုက်သွားတာနဲ့လာလာရိုက်သည် စော်အောက
အဆိုးဆုံးပင်။

"အိပ်သွားပြီ"

"ဒီတစ်ယောက်ရောပဲ"

အိပ်သွားသော ကလေးနှစ်ယောက်ကို ပုခတ်ထဲထည့်လို့
အသာလေးလွှဲနေပေးလိုက်သည် ဒီလိုဆိုစော်အောကိုတားရတယ် စော်အောကလာလာရိုက်သည် ရိုက်တယ်ဆိုတာထက်
သူ့ညီမတွေကိုလာလာနိူးတာ။

"ပါပါ...ဆော့ချင်တယ်"

"စော်အော..အခုပါးပါးအရမ်းအရမ်းကိုအိပ်ချင်နေလို့
စော်အောကနားလည်ပေးပါနော်"

"..."

"သားလည်းအိပ်တော့..."

မြို့အုပ်၀မ်ရောရှောင်ကျန့်ပါ ကုတင်ပေါ်မှာလှဲလို့အိပ်လိုက်သည် စော်အောက ကုတင်ပေါ်ကုပ်ကတ်တက်ရင်းနဲ့
ရှောင်ကျန့်နဲ့ မြို့အုပ်ဝမ်ကြားလာလှဲသည် ပါးပါးပြောတော့
အိပ်တဲ့ သူဘယ်လိုအိပ်ရမှာလဲ ဘယ်သူ့မှလည်းမချော့သိပ်ဘူး။

"စော်အော ကိုယ့်နေရာကိုယ်သွားကွာ..."

"????"

မြို့အုပ်၀မ်ကစော်အောကို ချီလို့တစ်ဖက်ပို့လိုက်ပြီး ရှောင်ကျန့်နားတိုးကာဖက်အိပ်သည် ညီမလေးတွေရဲ့ပုခတ်ကလည်း
လွှဲတာရပ်သွားလေပြီ စော်အော
ကုတင်ပေါ်ကနေဆင်းလို့ပုခတ်နားသွားလိုက်သည်။

သူ့ညီမလေးတွေလက်ကိုကိုင်ကြည့်တော့ တကယ့်ကိုသေးသေးလေးနဲ့ နူးနူးညံ့ညံ့လေးတွေ စော်အောကခုံပေါ်က
ချိုလိမ်ကိုယူကာ သူ့ပါးစပ်ထဲထည့်ပြီး ပုခတ်ကိုအကြမ်းကြီး
လွှဲပေးသည် ဒီလိုလုပ်တိုင်းလည်းအဆူခံရပြီးပြီ။

"အဲ...အဟင့်!...အင့်!"

တစ်ယောက်က အသံထွက်ပြီးလူပ်နိုးလာတော့စော်အောက
သူ့ပါးစပ်ထဲက ချိုလိမ်ကို  ကလေးပါးစပ်ထဲထည့်ပေးလိုက်သည် ခဏလောက်ကလေးကပြန်ငြိမ်သွားတယ်။

"တိုတို့ဟာ..ပြန်ပေး..."

ချိုလိမ်ကိုပြန်ယူလို့ ရေသွားဆေးကာ သူ့ပါးစပ်ထဲပြန်ထည့်ပြီး အရုပ်တွေကိုကောက်ယူလို့ ကလေးပုခတ်ထဲပစ်ထည့်သည် ညီမလေးတွေအော်ငိုတာလဲမပြောနဲ့လေပါးပါးက
အရုပ်တွေထုတ်ထားတာကို ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now