Part 44

2.5K 168 3
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 44
-----------
ရှောင်ကျန့်အဝတ်အထည်တွေတန်းစီထားတဲ့နေရာကိုရောက်နေတာ သူဘယ်လိုလုပ်ပြီးဒီရောက်နေခဲ့လဲဆိုတာမသိပါ
လူအချို့လည်းဒီမှာရှိနေကြတယ် ကြည့်ရတာအကျီရောင်းတဲ့ဆိုင်ဖြစ်မှာပဲလေ မောင့်အတွက်နဲ့စော်အောလေးအတွက်
နည်းနည်းပါးပါး ၀ယ်သွားဦးမှပဲ ။

"ပါးပါး...ပါးပါး"

ရှောင်ကျန့်လှည့်မကြည့်ပါ အကျီတွေကိုပဲကြည့်ကာ ပြန်ချိတ်ထားလိုက် အခြားဟာကြည့်လိုက်နဲ့ အလုပ်ရူပ်နေသည်။

"ပါးပါးလို့..."

ရှောင်ကျန့်အကျီကိုလာဆွဲ‌မိတော့မှ ရှောင်ကျန့်နောက်ပြန်ကြည့်လိုက်တာ ဂါ၀န်လေး၀တ်လို့ သူ့ရှေ့မှာ ဘယ်ကမှန်း
မသိတဲ့ကလေးမလေးနှစ်ယောက်ကလာရပ်သည်။

"ပါးပါး မီးမီးတို့ဒီဂါ၀န်လေးလိုချင်တယ်"

"မီးမီးက အပြာရောင်လေးယူမှာနော်ပါးပါး"

"လိုချင်ရင် ၀ယ်ကြပေါ့ ဘာလို့ကျန့်ကျန့်ကိုလာပြောနေတာလဲ"

"ဖေဖေကပြောတယ် ဂါ၀န်လိုချင်ရင်ယူတဲ့...နောက်ပြီးရင်
မင်းတို့ပါးပါးစီသွားတဲ့ပြောတယ်"

"ဒီမယ်..မင်းတို့ဖေဖေကဘယ်သူလဲ"

"ပါးပါးကလည်း ကိုယ့်ယောကျာ်းကိုယ်မေ့နေပြန်ပြီ"

"ငါ့ယောကျာ်းက၀မ်ရိပေါ်လေ...သွားစမ်းပါ မင်းတို့အဖေစီကိုပဲ  ငါ့ယောကျာ်းအတွက် အကျီရွေးနေတယ် အာရုံမနောက်နဲ့"

"ဟာ...ဖေဖေဆိုတာကလည်း ပါးပါးရဲ့ယောကျာ်း ၀မ်ရိပေါ်ကိုပဲပြောတာလေ"

"ပါးပါးနော် မီးမီးတို့ကို ဂါ၀န်မ၀ယ်ပေးချင်တိုင်း မသိချင်ယောင်‌ဆောင်နေတယ်"

ရှောင်ကျန့် လက်တွေတုံ့ဆိုင်းသွားတယ် နေပါဦး မောင်နဲ့သူနဲ့မှာ စော်အောလေးတစ်ယောက်ထဲရှိတာပါ ဒီကလေးမလေးနှစ်ကောင်က ဘယ်ကနေရောက်လာတာလဲ ။

"ငါ့မှာ စော်အောလေးတစ်ယောက်ထဲရှိတာပါ"

"ပါးပါးကလည်း ကိုကိုစော်အောရှိတာတော့သိတာပေါ့ အခုမီးမီးတို့နှစ်ယောက်အလှည့်လေ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now