Part 27

4.1K 303 6
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 27
------------
ယနေ့ကတော့ရုံးပိတ်ရက်ဖြစ်နေပေမဲ့လည်း မြို့အုပ်၀မ်က ဘူတာရုံစီကိုသွားတာမနက်ထဲက သူ့ကိုတောင်မခေါ်သွားပေ ။

"မောင်က ကျန့်ကျန့်ကိုမခေါ်သွားဘူးကြည့်နေ ပြန်လာရင်စိတ်ဆိုးမှာ"

"မြို့အုပ်မင်းကလည်း ခေါ်မသွားရတဲ့အကြောင်းအရင်းလေးရှိလို့
နေမှာပေါ့ မင်းကတော်ရဲ့..."

"ဘဘက ဒါပဲပြောနေတာပဲ ကျန့်ကျန့်ကအိမ်မှာနေတာပျင်းပါတယ်ဆိုနေမှ"

"မင်းကတော်ပျင်းလဲ ဒီကအဘိုးကြီးနဲ့စကားအတူတူပြောလို့ရပါတယ်"

"အင်း....မောင် ငယ်ငယ်တုန်းကအကြောင်းတွေသိချင်တယ်
ဘယ်လိုမျိုးလဲ"

"ဘဘက ဒီမှာအိမ်‌တော်ထိန်းဖြစ်တော့အသက်က၅၀ မြို့အုပ်၀မ်က
အဲ့တုန်းကမှ ၁၀နှစ်ပြည့်ကာစလေးပဲရှိသေးတယ်"

"ချစ်ဖို့ကောင်းမှာသေချာတယ်"

"အင်း...ဆိုပါတော့လေ...အဲ့တုန်းကဆိုရင် မြို့အုပ်၀မ်မျက်နှာက
ချစ်ဖို့ကောင်းပါတယ် လူတိုင်းကိုလည်းဖော်ရွေပြီးအမြဲပြုံးနေတတ်တာ"

"အခုကျတော့အဲ့လိုမျိုးမနေဘူး...ဟွန့်...လူဆိုးကြီး"

"အသက်၁၈လောက်ရောက်တော့ ရည်းစားစထားတယ်လေ"

"ဘာ! ရည်းစား ဟုတ်လား"

"အင်း အဲ့အချိန်မှာ အထက်တန်းအောင်ပြီးပြီလေ မင်းကတော်ရဲ့"

"အဲ့ရည်းစားကရောဘယ်သူလဲ ကျန့်ကျန့်ထက်ပိုချစ်လားဟင်
ကျန့်ကျန့်ထက်ဂရုစိုက်ပေးလားဟင်...နမ်းရောနမ်းသေးလား
လက်ကိုရောကိုင်ရဲ့လား ပုခုံးကိုရောဖက်ရဲ့လား....ချီရောချီသေးလား"

"အဲ့တာတွေကတော့ ဘဘလည်းမသိဘူးကွဲ့ အဲ့ရည်းစားနာမည်
လေးတော့သိတယ်...."

"ဘာတဲ့လဲ"

"ယွမ်နင် ဆိုလားပဲ သူမကချစ်ဖို့ကောင်းတယ်"

"ကျန့်ကျန့်ထက်ပိုပြီးတော့လားဟင်"

"ဘဘတို့ မင်းကတော်လေးထက်ဘယ်သူ့မှချစ်ဖို့မကောင်းပါဘူးဗျာ"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now