Part 20

4.4K 348 14
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 20
-------------
"မြို့အုပ်၀မ် တို့လာပြီဟေ့!"

ခြံထဲကိုကား၀င်လာတာနဲ့ ပြေးလာကြိုသော အိမ်တော်ထိန်းကြီး
နဲ့ မတ်တပ်သာရပ်လိုက်‌ကြသော ၀မ်မျိုးရိုးတွေ အိမ်ပေါ်ရောက်ဖို့
ကို လှေကားထစ်၁၀ခုသာကွာခြားပါတော့တယ် ရှောင်ကျန့်တုံ့ဆိုင်း
နေမိသည် သူတလွဲတွေလုပ်မိရင်ဘယ်လိုနေမလဲ။

"ဘာတွေတွေးနေတာလဲ"

"မြို့အုပ်၀မ်...ကျန့်ကျန့်လေ...အမှားလုပ်မိရင်ဘယ်လိုနေမလဲဟင်"

"ဘာမှမဖြစ်ပါဘူး...စိတ်အေးအေးထား"

"အင်း...မြို့အုပ်၀မ်ဘေးနားရှိနေတော့လည်း ကျန့်ကျန့်ကိုကာကွယ်ပေးမှာပေါ့နော်..."

"....."

ရှောင်ကျန့်ကမြို့အုပ်၀မ်ရဲ့လက်ကိုတွဲလိုက်ကာ အိမ်ထဲ၀င်သွားတော့သည် ၀မ်မျိုးရိုးကိုပြုံးပြလိုက်သည်
သူမွှေထားတာတွေကို တောင်းပန်သည့်အနေဖြင့်...ဟိုတစ်ဖက်သူ
တွေကလည်း မျက်စောင်းတခဲခဲနဲ့ ။

"လာပြီလား...ထိုင်ကြ..ထိုင်ကြ"

"ဟုတ်ကဲ့..."

ရှောင်ကျန့်ကရယ်ကျဲကျဲလေးနဲ့ထိုင်လိုက်တော့ ခုနမှရောက်လာတဲ့
ကောင်မလေးကကလေးလေးချီလို့သူတို့ရှေ့လာထိုင်တယ် ။

"‌အိုက်ယား...ငါတို့ရဲ့မြစ်အငယ်ဆုံးမလေးပဲ"

၀မ်ဖိုးဖိုးကပြောင်းချီလို့ မြူနေလေတယ် ရှောင်ကျန့်ကိုယ်ကိုအနည်းငယ်ကိုင်းကာ ကလေးလေးကိုကြည့်လိုက်သည် သူ့ကိုမြင်လို့လားမသိပြုံးပြနေလေပြီ။

"ချစ်စရာလေး...မြို့အုပ်၀မ်..."

မြို့အုပ်၀မ် လက်မောင်းကိုကိုင်လို့ ကလေးလေးကိုလက်ညှိုးထိုးပြ
သည်။

"တောင်းပေး...ကျန့်ကျန့်မွေးမလို့..."

"အဲ့တာ မိဘရှိတယ်လေ..."

"မြို့အုပ်၀မ်က‌လည်း ကျန့်ကျန့်အဲ့ကလေးလေးလိုချင်တယ် တောင်းပေးဆိုနေမှ..."

"မဆိုးနဲ့လေ..ရှောင်ကျန့်..."

‌ရှောင်ကျန့်ကလေးလေးကိုတစ်ဖန်ပြန်ကြည့်လို့ လက်လေးဆန့်တန်းသည် ကလေးလေးကိုသူ့စီပေးပါဆိုတဲ့သဘောမျိုး ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now