Part 13

4.3K 334 4
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 13
-------------
ယွီမြို့အုပ်ရဲ့ဧည့်ခန်းအတွင်းမှာဧည့်သည်အချို့ကနေရာရောက်နေ
ကြနေပြီ ပြောတာကတော့ မြို့အုပ်၀မ်တို့ပြန်တော့မှာမို့လို့ နူတ်ဆက်
ပါတီ ပွဲလုပ်ပေးတာပဲ‌တဲ့လေ ရှောင်ကျန့်ပျော်တော့ပျော်ပေမဲ့လည်း
အလွန်ကိုပျင်းပါသည်။

"ဒါက ငါတို့၀မ်ရိပေါ်ကြီးရဲ့ အမျိုးသားလေကွာ ရှောင်ကျန့်တဲ့
မင်းကတော် ဒါက စွေ့လျန်... ဒါကစစ်ယမ်...ဒါကတော့ အကြားအမြင်ဆရာကြီး ‌ကျန်းဝူ"

"အော်....ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ်ဗျ ကျွန်တော်က
ရှောင်းရှောင်ကျန့်ပါဗျ...ဟီး..."

ယွီမြို့အုပ်က သူတို့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးသည် အကုန်လုံးကAlpha တွေကြီးပဲ ။

"၀မ်ရိပေါ်ကကွာ dominate alpha ဖြစ်တဲ့အလျောက်ပဲ
သူ့ရဲ့ အမျိုးသားကလည်းလှပပေရဲ့"

"ဗျာ! မြို့အုပ်၀မ်က dominate alphaလားဟင်"

"အင်းလေ ၀မ်ရိပေါ်က ကျုပ်တို့အထဲမှာတော့ သူကအားအကောင်းဆုံးသောalphaပဲလေ ကျုပ်တို့ကသာမာန်alphaပဲ "

"ဟာ...ဒါဆို ကျန့်ကျန့်ယောကျာ်းကအားကောင်းတဲ့ dominate
alphaပေါ့နော် မိုက်လိုက်တာ...."

ရှောင်ကျန့်အလွန်ပျော်ပါသည် သူ့ယောကျာ်းကalphaတွေထဲမှာမှ
အားကောင်းသောမျိုးစိတ်ဖြစ်တဲ့dominate alphaတဲ့လေ
ဂုဏ်တက်စရာပဲမဟုတ်ပါလား။

"ဒါနဲ့ မင်းကတော်ကရော ဘာလေးလဲ..."

"ခင်ဗျာ..."

"OmegaလားBetaလား"

"အော်...ဟို..."

"ဒီမှာကို...."

"အာ...မြို့အုပ်၀မ်...."

မြို့အုပ်၀မ်က ဒီကလူကြီးတွေနဲ့စကားပြောလို့ပြီးပြီထင်တယ်
သူတို့ဝိုင်းစီကိုရောက်လာတာ ယွီမြို့အုပ်က‌တော့ လိုက်ပြီးဧည့်ခံနေပြီမို့ သူတို့နားမှာမရှိ‌တော့ပါ ဒီမှာမြို့အုပ်၀မ်ရဲ့
သူငယ်ချင်း သုံးယောက်နဲ့သာကျန်ခဲ့တယ်။

"ဟျောင့်...၀မ်ရိပေါ်  မင်းအမျိုးသားက ဘာလေးလဲ Omega
လားBetaလား"

"သူကBetaတစ်ယောက်..."

"Betaတဲ့လား စိတ်၀င်စားဖို့မကောင်းလိုက်တာကွာ ဘယ်နှယ့်
dominate alphaတစ်ယောက်က Betaတစ်ယောက်နဲ့များညားရတယ်လို့...."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now