Part 48

2.5K 167 3
                                    

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 48
__________
ပြက္ခဒိန်လေးကိုကြည့်လိုက်တော့မှ သူ့မွေးနေ့ရောက်တော့
ပေမည် မောင်ကဘာပေးမလဲတော့မသိပေမဲ့လည်း တော်‌တော်လေးမျှော်လင့်မိသည် မနှစ်ကတော့ ဒိုင်ယာရီ
စာအုပ်လက်ဆောင်ပေးတယ် ကိုယ်နဲ့အမှတ်တရလေးတွေကို
ချရေးထားပေးတဲ့လေ ။

"ပါပါ...ဖေဖေ စောင့်နေပီ"

"အင်း...သွားကြရအောင်..."

စော်အောကိုကားနောက်မှာထိုင်ထားခိုင်းပြီးတော့သူက
တော့မောင်နဲ့အရှေ့မှာထိုင်သည် ဟိုနှစ်ယောက်ကတော့အိပ်နေလို့ထားခဲ့သည်။

"ပါပါ...အဲ့မှာ..ထိုင်မို့..."

"မရဘူး...ဒါလူကြီးတွေထိုင်တဲ့နေရာ..."

"ဟွန်း...ဖေဖေ...အဲ့ တာကြီး လှည့်မို့"

ကားမောင်းနေလို့ ကားစတီယာ‌တိုင်လှည့်နေပါတယ်ဆိုမှ
သူလည်းလှည့်ချင်နေသည်တဲ့လေ ဒီတစ်ခါလည်းရှောင်ကျန့်က၀င်တားပြန်တာပဲ။

"မရဘူး...အဲ့တာလူကြီးတွေပဲ လှည့်ရတာ"

"...."

"လာ...ဖေဖေ့စီကို..."

လမ်းဘေးမှာခဏရပ်လို့ စော်အောကို နောက်ပြန်လှည့်လို့ချီကာပေါင်ပေါ်တင်လိုက်ပြီး စတီယာကိုအသင့်ကိုင်ထားသော
စော်အောလက်ပေါ်သို့ မြို့အုပ်၀မ်လက်တွေကအုပ်ကိုင်လာသည်။

"သွားရအောင်..."

"အွန်း..."

"ဟွန်း...မြို့အုပ်၀မ်တို့များ...သူ့သားကိုအလိုလိုက်နေတယ်"

"တစ်ခါတစ်လေမှပါအချစ်ရယ်"

"ဖေဖေ...သားကို ချိလား"

"ချစ်တာပေါ့...မွှ..."

မြို့အုပ်၀မ်ကစော်အောခေါင်းလေးကိုနမ်းလိုက်‌တော့
စော်အောက ရှောင်ကျန့်စီလှည့်ကာ ပြောင်ပြသည် ဒီဟာလေသူမွေးလို့လည်းလူဖြစ်လာသေးတယ် သူ့ချစ်ချစ်ကိုလာလုနေ‌တယ်။

အတော်လေးသွားပြီးတဲ့နောက်မှာတော့ ရှောင်းအိမ်တော်စီ
ရောက်လာခဲ့တယ် ဘာလို့မှန်းတော့မသိပေမဲ့လည်းရှောင်ကျန့်ကသွားလည်ချင်တယ်ဆိုလို့သာ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now