Part 7

4.4K 353 15
                                    

Beta ‌ယောင်ဆောင်သောမြို့အုပ်ကတော်
Part 7
-------------
‌ရေကျသံတွေက အိမ်တော်ရဲ့အခန်းတွေထဲကအကြီးမားဆုံးသောအခန်းဖြစ်တဲ့
မြို့အုပ်တို့လင်မယားရဲ့ အခန်းထဲမှာဖြစ်ပါတယ် ‌ရေကိုပိတ်လိုက်တော့တိတ်ဆိတ်မူ့က ကြီးစိုးသွားခဲ့ပြန်တယ်
ခုတင်ပေါ်မှာတင်ထားသော မျက်နှာသုတ်ပဝါလေးနဲ့မျက်နှာကိုသုတ်ကာ ခုတင်ပေါ်နောက်ပြန်လှဲလိုက်သည်။

ဒီနေ့အတော့်ကိုလွတ်လပ်မှာအမှန်ပဲ မြို့အုပ်၀မ်က ဒီနေ့ညပြန်မလာလေဘူး... အလုပ်တွေရှိသေးလို့ မြို့အုပ်ရုံးမှာပဲ
အိပ်ဖြစ်ဖို့များမယ် လို့ ကျင်းရန်ကပြောတယ် သူဒီနေ့စိတ်ချလက်ချကို သူ့ဟော်မုန်းအနံ့တွေထုတ်ပြီးအိပ်ရတော့မှာပဲ ဒီလိုမထုတ်ရတာဘယ်လောက်ကြာခဲ့ပြီလဲ....။

ပြတင်းပေါက်တွေကိုသေချာစွာပိတ်ကာ မီးအိမ်ကိုပါပိတ်ပြီး သူ့ဟော်မုန်းအနံ့တွေကို အကန့်အသတ်မဲ့စွာနဲ့ထုတ်လွှတ်ထားတယ်
ဒီနေ့ဒီအခန်းကြီးမှာ သူ့အနံ့လေးတွေနဲ့ပဲသင့်းပျံ့နေစေမှာ သူတစ်ယောက်ထဲ လွတ်လပ်စွာနဲ့ အိပ်လို့ရပြီ....။

ရှောင်ကျန့်မျက်လုံးတွေမှိတ်လိုက်တယ်  အနံ့တွေလည်း လွတ်လွတ်လပ်လပ်ထုတ်လွှတ်ထားလို့ ခေါင်းအေးစေတယ် အမြဲတမ်းပဲ မြို့အုပ်၀မ်ရဲ့အနံ့ကိုရူအိပ်နေရလို့ အိပ်လို့တောင်မပျော်
ချေ။

အချိန်တွေက တစ်ဖြည်းဖြည်းကုန်လွန်လာလေတော့ ညဉ့်ဦးအချိန်ရောက်လာလေပြီ အပြင်မှာနှင်းတွေကျဆင်းနေတယ်
ရှောင်ကျန့်မသိပါ ကားတစ်စီး၀င်လာတဲ့အသံ သူမကြားမိပါဘူး သူအရမ်းအိပ်မောကျနေပြီလေ ။

"မြို့အုပ်၀မ် အရက်သောက်လာတာလား...."

"အင်း...ဒီနေ့အမတ်၀န်တွေနဲ့လည်း သောက်ခဲ့သေးတယ်"

"အော်....အမူးပြေတစ်ခုခုလုပ်ပေးရဦးမလား"

"ရတယ်...."

"ဟုတ်ကဲ့..."

စကားပြောသံတွေ အိမ်ပေါ်ထပ်ကိုတက်လာသောခြေသံတွေ က
Omega အနံ့အသက်တွေပြည့်နှက်နေသော အခန်းစီကိုကပ်‌လာလေပြီ ။

*ကျွီ....*

"ဒါက...ဘာအနံ့လဲ...."

‌မြို့အုပ်၀မ်တံခါးဖွင့်ဖွင့်ချင်းပဲ ရူရိူက်လိုက်ရတဲ့အနံ့က ပုံမှန်ရနေကျအနံ့မျိုးမဟုတ်တော့လေဘူး မက်မွန်ပန်းတွေရဲ့ အနံ့လိုမျိုး ဖျော့တော့တော့လေး ဘယ်အနံ့မှမခံနိုင်ဘူးဆိုတာတော့မှန်ပေမဲ့လည်း ဒီအနံ့ကိုသူသိပ်သဘောကျတယ် ဘာကြောင့်များဒီအနံ့ကသူ့ကို
ဆွဲဆောင်နေရတာပါလိမ့် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now